32 C
Yangon

မူဆယ် ၁၀၅ မိုင်နှင့် နမ့်ခမ်းတွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

Must read

မူဆယ် ၁၀၅ မိုင်နှင့် နမ့်ခမ်းတွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်အနီးနှင့် နမ့်ခမ်းမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်က တစ်နေကုန် တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က နေ့စဉ် တိုက်လေယာဉ်များဖြင့် ဗုံးကျဲလျက်ရှိရာ တော်လှန်ရေးတပ်များလက်အောက်သို့ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်း မကျဆုံးစေရေး ၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စခန်းသစ်ကုန်း မကျဆုံးစေရေး ယနေ့ တစ်နေကုန် ဗုံးကျဲတိုက်ခိုက်နေကြောင်း၊ ယနေ့တွင်လည်း နံနက်ပိုင်းမှစတင်၍ ညနေပိုင်းအထိ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

“မှုဆယ်မြို့ ၁၀၅မိုင်နဲ့ ကျယ်လန့်ကျေးရွာဘက်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကျဲတိုက်ခိုက်နေတယ်။ မနက်ကတည်းက ကျဲနေတာ။ အခုအချိန်အထိပဲ။ လေယာဉ်နဲ့ ဗုံးကျဲနေတာက ကျဲနေတာကတော့ ၁၀၅ မိုင်ရော နမ့်ခမ်းဘက်မှာရော ကျဲနေတာ။ ပြည်သူတွေက အကုန်ပိတ်မိနေတယ်။ အပြင်လည်း ထွက်မရဘူး။ တိုက်ပွဲတွေကတော့ အရမ်းကို ပြင်းထန်နေပါတယ်” ဟု မူဆယ် ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

MNDAA ၊ TNLA နှင့် AA မဟာမိတ် ညီနောင် ၃ ဖွဲ့က စစ်ကောင်စီ၏ မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်းနှင့် နမ့်ခမ်းမြို့နယ်ရှိ စခန်းသစ်ကုန်းတို့ကို သိမ်းပိုက်ရရှိရေး ထိုးစစ်များ ဆက်တိုက် ဆင်နွှဲနေပြီး စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အဓိကဖြင့် တော်လှန်ရေးမဟာမိတ်များ၏ ထိုးစစ်ကို ခုခံ တွန်းလှန်နေရကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article