27 C
Yangon

တွံတေးနှင့် ရွှေပြည်သာ၊ လှိုင်သာယာတို့ရှိ စစ်ကောင်စီဒေါက်တိုင်များကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

Must read

တွံတေးနှင့် ရွှေပြည်သာ၊ လှိုင်သာယာတို့ရှိ စစ်ကောင်စီဒေါက်တိုင်များကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ အကြမ်းဖက်စစ် ကောင်စီ ထောက်တိုင်များကို အဝေးထိန်းပြင်းအားမြင့်မိုင်းများဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးမှုရှိနိုင်ကြောင်း TRDF မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၆ ရက် နံနက် ၁၁ နာရီ မိနစ် ၄၀ တွင် တွံတေးမြို့နယ်၊ ကဒုံကျေးရွာ၌ စစ်ကောင်စီ ထောက်တိုင် အုပ်ချုပ်ရေးမှူးကိုယ်တိုင် ဦးစီးပြုလုပ်သော လောင်းကစားဝိုင်း အလည်တည့်တည့် တွင် C4 အသုံးပြုအဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ရာ လောင်းကစားဝိုင်းအပေါ်ရှိ အမိုးများ မီးလောင် ပြာကျခဲ့ကာ လောင်းကစားနေသူများ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့ပြီး ထွက်ပြေး ကြကြောင်း သိရ သည်။

ထိုသို့ ဖောက်ခွဲတိုက်ခိုက်ခံရမှုကြောင့် ကဒုံကျေးရွာ အုပ်ချုပ်ရေးမှူးက အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို ခေါ်ယူကာ ကား ၈ စီးဖြင့် ရောက်လာစစ်ဆေးစဉ် ပဒေသာမိုင်းအစစ်ဖြင့် ထပ်မံ‌ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီး ထိမှန်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုကိုသိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးကိုယ်ဖွင့်လှစ်ခိုင်းခြင်းဖြစ်ပြီး တနေ့လျှင် စစ် ကောင်စီတပ်ဖွဲ့ထံ ၂ သိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးထံ ၅ သောင်းပေးရကြောင်း လောင်းကစားဝိုင်း ကို ဦးဆောင်နေသူတစ်ဦးထံက သိရသည်။

အလားတူ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ရွှေပြည်သာတံတားအဆင်း လှိုင်သာယာဘက်အခြမ်း ငွေပင်တယ် အဝင် ဝရှိ ကတ္တားချိန်သည့် နေရာတွင် နံနက် ၈ နာရီမိနစ် ၃၀ ၌ တစ်ကြိမ်၊ နံနက် ၉ နာရီ မိနစ် ၃၀ ၌ တစ် ကြိမ်၊ နံနက် ၁၀ နာရီ ၁၀ မိနစ်၌ တစ်ကြိမ် ပေါက်ကွဲအားပြင်းသော အဝေးထိန်းမိုင်းများ အသုံးပြု၍ စစ်ကောင်စီ လှည်ကင်းကား ၂ စီးနှင့် လာရောက်စစ်သေား စစ်ကောင်စီတပ်သားများကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ လှည့်ကင်းကား ၂ စီးအနက် နောက်ကားတစ်စီးကို မိုင်းမှန်ခဲ့ပြီး မောင်းပြေးသဖြင့် ထိခိုက်သေဆုံးဒဏ်ရာရရှိမှု အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာလ ၂၇ ရက် ညနေ ၃ နာရီခွဲခန့်က တွံတေးမြို့၊ မြို့ရှောင်လမ်းထိပ်တွင် ဘလူးတုသ် ဆောင်းဘောက်ချကာ တော်လှန်ရေး သီချင်းဖွင့်၍ အဝေးထိန်းမိုင်းများ ထောင်ထားခဲ့ပြီး တွံတေးမြို့ တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်သုတအောင်ကို ဖုန်းဆက်အကြောင်းကြားခဲ့ရာ ၎င်းစစ်ဗိုလ်မှ ရဲများကို စေခိုင်းခဲ့ပြီး စစ်သားများက မိုင်းမရှိသည့် တွံတေးမြို့ ရွှေဆံတော် ဘုရားအနီး တဝိုက်ကို စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းရှင်းရေးစေခိုင်းခံရသော ရဲ ၅ ဦးသည် ဘလူးတုသ် ဆောင်းဘောက်ကို ဝါးလုံးရှည်ဖြင့် ရိုက်ခွဲ ဖျက်ဆီးခဲ့ခြင်း၊ ၎င်းတို့ ၅ ထဲတွင် ခင်မင်ရင်းနီးသူ ရဲတစ်ဦးပါဝင်နေ ခြင်းတို့ကြောင့် မိုင်းကို ဖောက်ခွဲခဲ့ခြင်းမပြုပဲ တပတ်အကြာမှ ပြန်လည်ရှင်းလင်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ထို့ပြင်နိုင်ဝင်ဘာလ ၁၁ ရက်နေ့တွင် တွံတေးမြို့တွင်းရှိ မိုင်တဲလ်တာဝါတိုင်တစ်ခုကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့သော်လည်း ချွတ်ယွင်းချက်တစ်ခုကြောင့် မိုင်းပေါက်ကွဲခြင်းမရှိခဲ့ဘဲ နိုဝင်ဘာလ ၁၃ ရက် နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက တွေ့ရှိသိမ်းဆည်းသွားကာ နိုဝင်ဘာလ ၁၉ ရက် နေ့တွင် တာဝကျေးရွာ၌ ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။

ယင်းအပြင် နိုဝင်ဘာလ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားအဆင်းရှိ ယာဉ်မောင်းများထံမှ ငွေကြေးတောင်းခံနေသော ယာဉ်ထိန်းရဲများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲများက အနည်းငေယ်နေရာရွှေ့ပြီး အထိုင်ချသွားသဖြင့် ပေါက်ကွဲ မှုရှိခဲ့ သော်လည်း ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ ၁၁ ရက် ညနေ ၄ နာရီခွဲအချိန် တွံတေးမြို့နယ်၊ ကညင်ငူရွာနှင့် အလယ်စုရွာကြား လမ်း မ တနေရာတွင် ခေါ်မိုင်းတစ်လုံးဖောက်ခွဲပြီး အဝေးထိန်းပဒေသာမိုင်း ၅ လုံးထောင်၍ စောင့်ဆိုင်း နေစဉ် ရွာခံတစ်ဦး၏ သတင်းပေးမှုကြောင့် အကြမ်းဖက်စစ်သားများက ဂျန်မာများဖြင့် ရောက်ရှိ လာပြီး ပဒေသာမိုင်း ၅ လုံးကို ဖော်ယူသွားကြောင်း သိရသည်။

ထိုသို့ ဖော်ယူသွားသော မိုင်း ၅ လုံးကို အသုံးပြုပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည် သူလူထုကို အကြောက်တရားပေးခြင်း၊ ရှေ့တန်းမလိုက်လို၍ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ ကြောင့် မတည်မငြိမ်ဖြစ်နေသည်ဟု အသွင်ယူပုံရိပ်ချခြင်း၊ မတည်မငြိမ်ဖြစ်နေသယောင် ပုံဖော်ခြင်း တို့ လုပ်ဆောင်ခဲ့ကြောင်းသည်ဟု ဆိုသည်။

အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကို TRDF မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် MoNyo-မိုးညို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ တွံတေး နှင့် ကော့မှူးမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ကြုံရာနေရာ ရရာ နည်းလမ်းဖြင့် တိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။

TRDF တပ်ဖွဲ့နှင့် MNO-မိုးညို ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အနေဖြင့် အဝေးရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့သိမ်းတိုက်ပွဲဝင်ရောက်ဆင်နွှဲသည့်အချိန်ထိ ဆက်လက်တိုက်ခိုက်နေ မည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် လောင်းကစားဝိုင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲများတွင် ပူးပေါင်းပါဝင်မှုများမပြုလုပ်ကြရန် မေတ္တာရပ်ခံတောင်းဆိုထားသည်။

ဓာတ်ပုံ- ရန်ကုန်တွင် စစ်ဆေးနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article