32 C
Yangon

တောင်ငူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ

Must read

တောင်ငူမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် ဘုန်းကြီး ၁ ပါး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၁ ထံမှ သိရ သည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ကညင်မြောင်အုပ်စု၊ ကျောင်းကုန်းရွာ အနီးကို အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်သားများကို တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၅၀၁ တပ်ခွဲ ၁ ရဲဘော်များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်သားများက လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ် ခတ်ခဲ့ရာ ကညင်မြောင်ကျောင်းကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင် ဘုန်းကြီး ဘဒ္ဒန္တဦးခေမာစာရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စပါးကြွယ် ကျေးရွာအုပ်စုနှင့် ကညင်မြောင်အုပ်စုများကို အင်အား ၁၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးနေ ကြောင်း သိရသည်။

“တောင်ငူအမြန်လမ်းမိုင်တိုင် ၁၅၁ အနောက်ဖက် ရွာမှာ ထိတွေ့မှုရှိတာ၊ စစ်ကောင်စီ တပ်သား ၂ ဦး စနိုက်ပါမိတယ်လို့ သိရပါတယ်၊ ကညင်မြောင်ကျေးရွာအုပ်စုကျောင်းထိုင်ဆရာတော်ပါ၊ လက်နက် ကြီး စ ထိလို့ ဒဏ်ရာရတာ၊ အခြေအနေ မသိရသေးပါဘူး၊အဲဒီဘက်မှာက စစ်ကြောင်းရှိနေလို့ သွားလို့မရသေးပါဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

Photo – စနိုက်ပါ ပစ်ခတ်မှု လေ့ကျင့်နေသည့် တော်လှန်ရေး ရဲဘော်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article