23 C
Yangon

ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အနွေးထည်များနှင့် လေဖြတ်နေသူ ပြည်သူတစ်ဦးကို ဆေးဖိုးစရိတ်ထောက်ပံ့လှူဒါန်း

Must read

ဝက်လက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို အနွေးထည်များနှင့် လေဖြတ်နေသူ ပြည်သူတစ်ဦးကို ဆေးဖိုးစရိတ်ထောက်ပံ့လှူဒါန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျွန်းဦးတောကျေးရွာနှင့် စမွန်းကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၄၀ ခန့်ကို ယနေ့ ဒီဇင် ဘာလ ၂၅ ရက်နေ့တွင် အနွေးထည်များလှူဒါန်းပေးခဲ့ကြောင်း ရွှေဘိုမြို့ နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။

ထို့အပြင် လေဖြတ်ပြီး ကျန်းမာရေးမကောင်းဖြစ်နေသူကို လည်း ဆေးဝယ်ယူသောက်သုံးနိုင်ရန် ပါရှိ လာသည့် ငွေသားအနည်းငယ်ကို ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ပေးအပ်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရွှေဘိုမြို့နယ်လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ တာဝန်ခံ ကိုနေမင်းခန့်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article