26 C
Yangon

ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်၊ ခမ်းပတ်မြို့တွင် စစ်အင်အား ၃၀၀ ဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် စစ်တပ်က ချထား

Must read

ရွှေပြည်အေးမြို့ ပြန်ရရှိရေး စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်၊ ခမ်းပတ်မြို့တွင် စစ်အင်အား ၃၀၀ ဝန်းကျင်ကို ရဟတ်ယာဉ်ဖြင့် စစ်တပ်က ချထား

ရန်ကုန်၊ ဒီဇင်ဘာလ ၂၇

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ပြန်ရရှိရန်အတွက် အကြမ်းဖက်စစ်ကောင်စီ တပ်က ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း Homalin People’s Defence Force – HPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်း ပိုက်ထားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၄၀ ၊ရှမ်းနီအမျိုးသားများ တပ်မ‌တော် – SNA နှင့် ပျူစောထီး ပူးပေါင်းတပ်ဖွဲ့တို့မှ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ရွှေပြည်အေး မြို့အနီးတဝိုက်တွင် နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

“ရွှေပြည်အေးဘက်မှာ ထိတွေ့မှုကတော့ နေ့တိုင်းဖြစ်နေတယ်၊ လက်ရှိ ရွာတွေဘက်ကို လေယာဉ်နဲ့ လာချသွားတာ ဗုံးသီး အလုံး ၂၀ လောက်တော့ရှိမယ်၊ ထိခိုက်မှုကတော့ မရှိကြဘူး၊ ဒီဇင်ဘာလ ၂၅ ရက်နေ့ကချသွားတာ၊ နောင်ပိုအောင်၊ ပင်ခုတ်ရွာတွေထဲ အဲလိုတွေထဲကို ချချသွားတာ၊ PDF တွေ ရှိတယ်ထင်ပြီးချချသွားတာထင်တယ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ မတိုင်ခင်ကလည်း ဗုံးလာချသွားတာ ထိခိုက်ဒဏ်ရာရတောတွေတော့ ရှိတယ်။” ဟု Homalin People’s Defence Force – HPDF တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်ထားပြီးနောက် အကြမ်းဖက်စစ် ကောင်စီတပ်က လေကြောင်းမှ မကြာခဏလာရောက် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ လုပ် ဆောင်လျက်ရှိပြီး မြေပြင်ထိတွေ့တိုက်ပွဲများလည်း နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ထို့ပြင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့တွင်လည်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် အင်အား ၃၀၀ ဝန်းကျင်ချထားပြီး ခမ်းပတ်မြို့ကို ပြန်လည် သိမ်းပိုက်ရေး ကြိုးပမ်းနေကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဓာတ်ပုံ- ဟုမ္မလင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article