28.9 C
Yangon

သထုံနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

သထုံနှင့် ဘီးလင်း မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသေဆုံးပြီး ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် သထုံမြို့နယ်၊ ကော့လှိုင်း ကျေးနယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ အမတ-၄၀၂ တပ်ရင်း၊ အမတ-၅၀၂ တပ်ရင်းနှင့် ခမရ-၂၀၆ တပ်ရင်း တပ်စခန်းတို့က လက်နက်ကြီး ၂၆ လုံး ပစ်ခတ်ခဲ့ရာ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ကျုံမိန်ရွာကို လက်နက်ကြီး ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး နော်ဖောတမဲ လက်နက်ကြီး ကျည်စထိမှန်ကာ သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးနှင့် ဘုန်းကြီးကျောင်း တို့ ထိခိုက်ပျက်စီးပြီး လူဦးရေ ၁၂၀၅ ဦး တိမ်းရှောင်နေရကြောင်း သိရသည်။

သထုံမြို့နယ်နှင့် ပေါင်မြို့နယ် အစပ်ရှိ သထုံမြို့ပြင် သထုံ-ဖားအံ အမြန်လမ်းမကြီးဘေး တိုင်တစ်ရာ၌ အမတ-၅၀၂ တပ်ရင်း၊ အင်းရှည်ရွာအနီးတွင် အမတ-၄၀၂ တပ်ရင်း ၊ ကြာပန်း ရွာအနီးတွင် ခမရ-၂၀၆ တပ်ရင်းတို့က တပ်စွဲထားပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ-၄၁၀ တပ်ရင်း ဝင်းတာပန်တပ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ကရင်အမျိုးသားထကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ရင်း ၂ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြားခဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၂၅ ရက်အတွင်း နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ အရပ်သားများ နေထိုင်ရာ နေရာများကို ပြန်လည် ပစ်ခတ်မှုများကြောင့် ဝင်းတာပန်အထက်ရွာနှင့် ဝင်းတာပန် ရွာကြီးရှိ ပြည်သူလူထု ၁၄၆၈ ဦး တိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၆ နာရီမှ ၁၁ နာရီထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်၏ ဝင်းတာပန်တပ်စခနက လက်နက်ငယ်၊ လက်နက်ကြီးများ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဝင်းတာပန်ရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် ဝင်းတာပန်အထက်ရွာရှိ တမီပလောမှ လူဦးရေ ၅၂ ဦး၊ နို့ဝခို့ပလောမှ လူဦးရေ ၆၅ ဦး၊ ထို့လေ့တေးပလောမှ လူဦးရေ ၇၅ ဦး၊ နော်ကတိုကလိုးနီမှ လူဦးရေ ၈၁ ဦး၊ တာပေါကလိုးနီမှ လူဦးရေ ၆၉ ဦး၊ ကျေးတိုပလောမှ လူဦးရေ ၂၃ ဦး၊ တာပေါကလိုကွာခီးမှ လူဦးရေ ၃၁ ဦး စုစုပေါင်း ၃၉၆ ဦးနှင့် ဝင်းတာပန်ရွာကြီးရှိ ထီးသောဃယ်ကလိုးနီမှ လူဦးရေ ၂၈၂ ဦး၊ သာလည်ကလိုးနီမှ လူဦးရေ ၃၆၂ ဦး၊ ဒေ့လော်ဖိုးဘော်နော်နီမှ လူဦးရေ ၁၇၇ ဦး စုစုပေါင်း လူဦးရေ ၁၀၇၂ ဦး တိမ်းရှောင်နေရ​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article