28 C
Yangon

ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၇ ဦးသေဆုံးကြောင်း မကွေးခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ် ပူးပေါင်းတပ်များက အထူးစစ်ဆင်ရေး တစ်ရပ်အနေဖြင့် အနီးကပ် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲသည် ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး အပြန်အလှန်​ ပစ်ခတ်မှုအတွင်း တော်လှန်ရေး ရဲဘော် ၁ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း၊ တိုက်ပွဲအချိန်ကြာမြင့်ခြင်း၊ ကျည်လုံလောက်မှုမရှိခြင်းတို့ကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များအား အပြီးသတ် ချေမှုန်းနိုင်ခြင်းမရှိဘဲ ပူးပေါင်းတပ်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မကွေးခရိုင်အမှတ် ၂ တပ်ရင်းနှင့် မဟာမိတ်များ ဖြစ်သော သရက်ခရိုင်အမှတ် ၁ တပ်ရင်း၊ ညောင်ဦးခရိုင် အမှတ် ၄ တပ်ရင်း ၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ရေနံချောင်း ပကဖ၊ ချောက် ပကဖ၊ ​ ​Chauk Guerrilla Force (CGF)၊ Chauk Revolution Army (CRA)၊ မကွေးခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article