31 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၆

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ပစ်ခတ်လိုက်သော ၁၂၀ မမ လက်နက်ကြီးကျည် ၁ လုံး ဖြူးမြို့နယ် သစ်ချဆိပ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာအတွင်းနေထိုင်သော မောင်ဇွဲထက် အသက် ၁၇ နှစ်၊ ဦးအောင်တင်ဝင်း အသက် ၄၁ နှစ် နှင့် ဒေါ်ညှပ်စိ အသက် ၃၅ နှစ်တို့ လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်မှ ၇ နာရီ ၂၉ မိနစ်အတွင်း တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာများသည် နတ်သံကွင်းမြို့အတွင်းကို ဗုံး ၃ လုံး နှင့် လေယာဥ်ပါစက် သေနတ်ဖြင့် ၃ ကြိမ်ခန့် ပစ်ခတ်သွားခဲ့ပြီး နံနက် ၁၀ နာရီ ၁၁ မိနစ်မှ ၁၀ နာရီ ၁၄ မိနစ် အတွင်း ဗုံး ၁ လုံး၊ Rocket ၆ လုံး နှင့် လေယာဉ်ပါစက် သေနတ်ဖြင့် ၁ ကြိမ်ခန့် ပစ်ခတ်သွားကြောင်း၊ ညနေ ၅ နာရီ ၃၇ မိနစ်မှ ၅ နာရီ ၄၅ မိနစ်အတွင်း တောင်ငူလေတပ်မှ တက်လာသော MI-2 အမျိုးအစားရဟတ်ယာဥ် ၁ စီးမှ နတ်သံကွင်းမြို့ အတွင်းသို့ ရိက္ခာနှင့်ခဲယမ်းအထုပ် ၈ ထုပ်ကိုလေထီးဖြင့် ချသွားပေးခဲ့​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article