30 C
Yangon

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို NUG ကာကွယ် ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်

Must read

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို NUG ကာကွယ် ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်

ရန်ကုန်၊ ဇန်နဝါရီ ၆

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို NUG ကာကွယ် ရေး ဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း၊ လက်နက်တပ်ဆင်ပွဲသို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တနင်္သာရီတိုင်း တာဝန်ခံ၊ ဒုတာဝန်ခံ၊ စစ်ကြောင်းမှူး နှင့် ဒုစစ်ကြောင်းမှူးတို့ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်ရေးရည်မှန်းချက်များနှင့်အညီ ပူးပေါင်းစစ်ကြောင်းများက ဆောင်ရွက်သွားရန်၊ စစ်သည်တော်ကျင့်ဝတ်နှင့် အမိန့်နာခံမှု အားကောင်းရန်၊ ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ပြည်သူများ အားကိုးအားထားပြုရသည့် တပ်ရင်းတပ်ဖွဲ့ ရဲဘော်များအဖြစ် ကျင့်ကြံနေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article