19 C
Yangon

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ၁၂၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ ပြုလုပ်

Must read

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် ၁၂၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲ ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၇

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာပြည်လွတ်မြောက်ရေး လှုပ်ရှားမှုကော်မတီ(မြောက်ပိုင်းကယ်လီဖိုးနီးယား -Free Burma Action Committee-Northern California)၏ ၁၂၁ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မျိုးဆက်သစ်လူငယ်ကျောင်းသားများနှင့် ထောက်ပို့ပြည်သူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

အဆိုပါပွဲတွင် NUG အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစိခု ခိုင်ခိုင်မာမာရှိနေရန်၊ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖေါ် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ ၁၀၂၇ စစ်ဆင်ရေး၏ အောင်မြင်မှု့များနှင့်အတူ သတိမူရမည့် အချက်အလက်များကို မျက်ကွယ် မပြုရန်၊ နွေဦးတော်လှန်ရေးကို နိုင်ငံရေး၊ စစ်ရေးအရဦးဆောင်လာသည့် မျိုးဆက်သစ်လူငယ်များ၏ သွေး၊ ချွေး၊ အသက်များ၏ ပေးဆပ်မှုများကို သတိမပြတ်စေရန်နှင့် နွေဦးတော်လှန်ရေး၏ သွေးစည်းညီညွတ်မှုကို ပျက်ပြားစေသည့် အွန်လိုင်းပေါ်က ဆယ်လီများ၏ ပြေဆိုမှုများအား ဆင်ခြင်ရန် ဟောပြောခဲ့ကြကြောင်း၊ FBAC ၏ ကော်မတီဝင်တစ်ဦးမှ စစ်ကောင်စီ၏ ဗိုလ်မှူးတစ်ဦး ပြည်သူ့ရင်ခွင် ခိုလှုံလာလျှင် မြန်မာငွေ သိန်း ၅၀ ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article