29 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၇

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ-၂၆၄ တပ်က နတ်သံကွင်းမြို့ကို လက်နက်ကြီး ၁၆ လုံး၊ ပဲနွယ်ကုန်း အခြေစိုက်တပ် ရွှေဝါတပ်ရင်းက နတ်သံကွင်းမြို့ကို လက်နက်ကြီး ၃ လုံး စုစုပေါင်း ၁၉ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျောက်တံခါးမှနေ၍ လက်နက်ကြီး ၁၅၅ မမ ဖြင့် နတ်သံကွင်းမြို့ကို ၄ လုံး၊ ၁၂၀ မမ ၁ လုံးဖြင့် ပိန်းဇလုပ်အခြေစိုက်တပ်က လက်နက်ကြီး ၁၅၅ မမဖြင့် နတ်သံကွင်းမြို့ကို ၃ လုံး၊ ရွှေဝါတပ်ရင်းက အနန်းဘော်ကျေးရွာကို လက်နက်ကြီး ၁ လုံး၊ စုစုပေါင်း ၉ လုံးနှင့် ထိန်တောကျေးရွာကို လေယာဉ်ဖြင့် ၁ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုအတွင်း အနန်းဘော်ကျေးရွာကို ကျရောက် ပေါက်ကွဲခဲ့သော လက်နက်ကြီးကျည်စ ထိမှန်ပြီး ဦးအောင်ဝင်းနိုင် ၃၂ နှစ် ဒဏ်ရာရကာ နွား ၂ ကောင်သေဆုံးပြီး ၂ ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဥ်ဖြင့် ထိန်တော ကျေးရွာကို ဗုံး ၁ လုံးနှင့် အော်လီဂန်းဖြင့် ၁ ကြိမ်၊ အုန်းနဲပင်ကျေးရွာကို လေယာဥ်ဖြင့် ဗုံး ၉ လုံးနှင့် အော်လီဂန်းဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က လက်နက်ကြီး ၁၂၀ မမဖြင့် တောင်ခင်ကျေးရွာကို ၁ လုံး၊ အလှိုင်ကျေးရွာကို ၂ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုကြောင့် တောင်ခင်ကျေးရွာမှ ဦးထွန်းရီ၏ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးထွန်းရီ၏ နေအိမ် ပျက်စီးကာ ဦးထွန်းရနှင့် ဇနီးဖြစ်သူ မသိမ့်သိမ့်ထွန်းတို့ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အလှိုင်ကျေးရွာကို ကျရောက် ပေါက်ကွဲမှုတွင် အလှိုင်ကျေးရွာမှ ကိုရဲလွင်နှင့် မိုးဝင်နိုင်တို့၏ နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဇန်ဝါရီလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် အနန်းဘော်ကျေးရွာကို ဗုံး ၃ လုံးနှင့် အော်လီဂန်းဖြင့် ၁ ကြိမ်ပစ်ခတ်ခဲ့ရာ ရွှေဝါတပ်ရင်းက အနန်းဘော်ကျေးရွာကို လက်နက်ကြီး ၁၂၂ မမ ၁ လုံးပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အနန်းဘော် ကျေးရွာမှ မောင်ရန်နိုင်အောင် ၃၃ နှစ် ကျည်စထိမှန် ဒဏ်ရာရပြီး မောင်အောင်ခိုင်လင်း၏ နေအိမ်လည်း ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ က နတ်သံကွင်းမြို့ကို လက်နက်ကြီး ၁၅၅ မမ ၂၈ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article