29 C
Yangon

ငါန်းဇွန်နှင့် မြင်းခြံ တို့တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး ၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ငါန်းဇွန်နှင့် မြင်းခြံ တို့တွင် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၄ ဦး သေဆုံး ၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းရှေ့ရှိ ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ ရဲ ၄ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီး ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက် နံနက် ၈ နာရီကျော်က ကုက္ကဲရဲစခန်းရှေ့တွင် ဂိတ်စခန်းဖွင့်ပြီး ပြည်သူလူထု အ ပေါ် မိုက်ကြေးခွဲကာ ဆက်ကြေးကောက်နေသော ဂိတ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် တပ်လက်အောက်ခံ ရဲများ တစ်စုတစည်းတည်းစုဝေးနေချိန် ဗုံးသီးတည့်တည့်ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် ရဲ ၄ ဦးနေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ကျန်ရဲတစ်ချို့ သွေးရူးသွေးတန်းဖြင့် ထွက်ပြေးကာ နေအိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၂ ရက် ညနေ ၄ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာ ဘုန်းကြီး ကျောင်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို Shar Htoo Waw နည်းပညာ Fixed Wings လေယာဉ်များဖြင့် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို နွားထိုးကြီး ပကဖနှင့် နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ အကျဉ်းထောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၃၅ ထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ၆၀ မမ ၊ ၈၀ မမတို့ ဖြင့် ပစ် ခတ် တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ – PDA Yinmarbin နှင့် မုံရွာခရိုင်တပ်ရင်း ၂၇ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article