လောက်ကိုင်တွင် စစ်ကောင်စီတပ်များ မရှိတော့သည့်တိုင် စစ်တပ်က တိုက်လေယာဉ် များဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်များ လုံး၀ မရှိတော့သည့်တိုင် စစ်တပ်က တိုက်လေယာဉ်များဖြင့် လောက်ကိုင်မြို့ကို သွားရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများနှင့် The Kokang ထံမှ သိရှိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ကိုးကန့်လောက်ကိုင်မြို့တွင်းအခြေချ နေထိုင်သော စစ်ကောင်စီတပ်ဖွဲ့အားလုံး လက်နက်ချအညံ့ခံပြီးနောက် မြန်မာနိုင်ငံ ရှမ်းပြည် နယ် အထူးဒေသ(၁)ကိုးကန့်တစ်ခုလုံးလွတ်မြောက်ခဲ့ကြောင်း၊ လက်ရှိ ကိုးကန့် လောက်ကိုင်မြို့တွင်း စစ်ကောင်စီ၏တပ်သားတစ်ဦးတစ်ယောက်မျှ မရှိသော် လည်း စစ်ကောင်စီသည် ကိုးကန့်မြို့တော်လောက်ကိုင်ဒေသကို ဂျက် လေယာဉ်ဖြင့် မကြာခဏ လာရောက် ဗုံးကြဲပစ်ခတ်နေကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီ၏ ဂျက် လေယာဉ်က လောက်ကိုင်ဒေသ၏ မိုးပေါ်သို့လာရောက် ပျံဝဲ ပြီး တုန်ချိန် ရပ်ကွက်သို့ ဗုံးကျချခဲ့ကြောင်း၊ အများပိုင်အဆောက် အဦးများ ဖျက်ဆီးခံရပြီး ဗုံးသီး ကျရောက်သောနေရာများ မြေကြီးပေါ်တွင် ဗုံးကွက် ၁၄ ခု ထက်မက ရှိခဲ့ကြောင်း၊ အရပ်သားများသေဆုံးဒဏ်ရာရမှုနှင့် နေအိမ်ပျက်ဆီး မှုများ မရှိခဲ့ ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်နှင့် MNDAA တပ်များအကြား စစ်ရေး အခြေအနေ ပိုမိုတင်း မာ လာနေပြီး ကူမင်းတွင် ယခု ဇန်နဝါရီလဆန်းပိုင်း ပြုလုပ်ခဲ့သော တွေ့ဆုံ ဆွေးနွေးပွဲများ အထမမြောက်ဘဲ ပျက်ပြယ်သွားကြောင်း သိရှိရသည်။