25 C
Yangon

ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲပြီး လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီသားများကို တော်လှန်ရေးတပ်ဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်လည်း လက်နက်ကြီများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

” စစ်ခွေး ၂ ကောင်သေပြီး ၃ ကောင် ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ ဟံလင်းတိုက်နယ် ပကဖနှင့် ရပ်ကျေး ပကဖများ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရှမ်းတပ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း Magway PDF က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် အထက်မင်းလှမြို့နယ်ရှိ ရှမ်းတပ်ရဲစခန်းကို Magway PDF နှင့် Upper Minhla PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့၀င် ၂ ဦး သေဆုံးခဲ့ပြီး ရဲမိသားစု၀င် ၁ ဦးအပါအ၀င် စုစုပေါင်း ၅ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် မင်းလှမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အားအလုံးအရင်းဖြင့် ရှမ်းတပ်ရဲစခန်း ပတ်၀န်းကျင်ကို စစ်ကြောင်းထိုးပြီး ပြည်သူများကို ရမ်းကား သောင်းကျန်းလျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသော ကျေးရွာများနှင့် နီးစပ်ရာဒေသရှိ ပြည်သူများအနေဖြင့် သတိပြု သွားလာ နေထိုင်ကြရန် Magway PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article