30 C
Yangon

မြစ်ကြီးနားရဲစခန်းတွင် ဗုံးပစ်လောင်ချာဖြင့် အထုခံရပြီး တိုက်ပွဲဖြစ်၊ ဘုတလင်ရဲစခန်းကိုလည်း PDF ဝင်ပစ်

Must read

ရန်ကုန်၊ ဧပြီ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အမှတ် ၂ ရဲစခန်းကို ယမန်နေ့ညပိုင်းတွင် ဗုံးပစ်လောင်ချာဖြင့် အထုခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ဒေသတော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

ဧပြီ လ ၄ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့နယ် အမှတ် ၂ ရဲစခန်းကို ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရဲစခန်းက အရေးပေါ် ဥဩသံများဖြင့် စစ်ကူတောင်းရကြောင်း သိရှိရသည်။

“မနေ့ ည၈ နာရီ ၂၀ မိနစ်မှာ ာအမှတ် ၂ ရဲစခန်း ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ် ခံရတယ်။ ပြီးတော့ စခန်းထဲက အပြန်အလှန်ပစ်ခတ်တယ်။ တိုက်ပွဲဖြစ်နေတုန်း စခန်းထဲကနေ အရေးပေါ် မီးသတ်ကားသလို အသံ၊ ဥဩသံထုတ်ပြီး အကူညီတောင်းတယ်။ ရဲတွေလည်း အော်ဟစ် သံတွေကြားရတယ်။ အရင် တလောက အပစ်ခံရတဲ့ အမှတ် ၂ ရဲစခန်းကို ထပ်ပြီး ပစ်ခတ်တာ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရဲစခန်းကိုလည်း PDF များက ယမန်နေ့ညပိုင်းတွင် ဝင်ရောက် ပစ်ခတ်ကြောင်း သတင်းများရရှိထားပြီး အသေးစိတ်ကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article