28 C
Yangon

မတူပီနှင့် ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

Must read

မတူပီနှင့် ပလက်ဝ မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ချင်းပြည်နယ်၊ မတူပီမြို့နယ်နှင့် ပလက်ဝမြို့နယ် တို့တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း CDF-Matupi ထံမှ သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပလက်ဝမြို့နယ်၊ လုံပန်းကျေးရွာအနီး Kapin ချောင်း၌ ပလက်ဝနှင့် ဆမီးမြို့နယ်တို့မှ ထွက်ပြေးလာသော အကြမ်းဖက် စစ်ကောင်စီ စစ်သားများနှင့် CDF-Matupi ၊ မဟာမိတ် CDF-Paletwai CNA တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် မတူပီမြို့နယ်၊ စံတပ်ရွာ၌ ဒုတိယအကြိမ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး သေဆုံးကာ CDF-Matupi နှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု များပြားခဲ့သော အကြမ်းဖက် စစ်တပ်က စံတပ်ကျေးရွာ ပြည်သူ့ဆေးရုံ ကို ဖျက်ဆီးကာ ဆေးရုံအတွင်းရှိ ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက အနီးနား၌ စစ်ဘေးရှောင်နေကြသော ပြည်သူ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့တွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကာ ကျန်ရှိနေသော အမျိုးသား ၃ ဦးကိုလည်း ပြန်လွှတ်ပေးသည်ဟု သတင်းထွက်​ပေါ်နေသော်လာည်း လက်ရှိချိန်ထိ နေရပ်ပြန်မရောက်သေးကြောင်း သိရသည်။

CDF-Matupi နှင့်အတူ မဟာမိတ် တပ်ဖွဲ့များဖြစ်သော CDF-Paletwa၊ CNA နှင့် စစ်ကူရောက်ရှိလာသော CDF-Daai တို့သည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း CDF-Matupi က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article