ဒီပဲယင်းမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ စာရင်းစစ်ရုံးနှင့် စစ်တပ်စစ်ကြောင်းတို့ကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ နတ်မောက်၊ ရွာမွန်ကျေးရွာရှိ စစ်တပ်၏ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ စစ်ဆေးရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ မြို့နယ်ရဲစခန်း၊ တရားရုံး၊ စာရင်းစစ်ရုံးနှင့် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Freedom Revolution Force (FRF)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၅ နာရီခန့်အချိန် ဒီပဲယင်းမြို့မှ မြောက်ဘက်သို့ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ရေဦးမြို့နယ်၊ လျှော်ဖြူကန်ကျေးရွာအနောက်ဘက်မှ တဆင့် မရိုးကုန်းကျေးရွာ ရေဆိုးဘက်သို့ ဦးတည်ထွက်လာစဉ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်စစ် ကြောင်းသည် ဒီပဲယင်းမြို့နယ်၊ ချောင်းနားကျေးရွာမှ တဆင့် ငဝဲတောကျေးရွာအတွင်းသို့ ဝင်ရောက် စခန်းချထားကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာက ဒီပဲယင်းမြို့အထွက်မှာ ဖြစ်တာ။ မနေ့ညကတော့ ငဝဲတောရွာကို ညအိပ်ပြီး အခုတော့ ဒီပဲယင်းမြို့ထဲကို ပြန်ဝင်နေပြီ၊ တိုက်ပွဲမှာက ထိခိုက်မှုကတော့ ရှိတယ်ဗျ၊ သတင်းတော့ အတိအကျမရသေးဘူး၊ တိုက်ပွဲဖြစ်တဲ့နေရာမှာ သွေးကွက်တွေဘာတွေတော့တွေ့ခဲ့တယ်၊ တိုက်ပွဲ ဆိုတော့ တောက်လျှောက်ပြန်ဆုတ်ခဲ့ရတာဆိုတော့ မသိရသေးဘူး၊ တိုက်ပွဲကတော့ ၁၅ မိနစ် လောက်ကြာခဲ့တယ်” ဟု Freedom Revolution Force (FRF)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၅ ၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၈ ၊ Pattern Group ၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄ နှင့် ရေဦးမြို့နယ် ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဒီပဲယင်းမြို့ပေါ်မှ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထွက်သွားချိန် ဒီပဲယင်းပေါ်ရှိ စာရင်း စစ်ရုံး၊ မြို့နယ်တရာရုံး၊ မြို့နယ်ရဲစခန်းတို့ကို ၄၀ မမလက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရ သည်။
“သူတို့စစ်ကြောင်းထွက်သွားတော့ မြို့ပေါ်မှာ အင်အားနည်းသွားတဲ့အတွက် ဝင်ပစ်ခဲ့တာ၊ ခွေး ၃ ကောင်သေတယ်လို့တော့ သတင်းရထားတယ်ဗျ၊ အတိအကျသိရဖို့တော့ ထပ်စုံစမ်းနေတယ်၊ စစ် ကြောင်းကလည်းရှိနေတော့ အဲဒီသတင်းကို ထပ်ပြီး အတည်မပြုဖြစ်သေးတာ၊ အခုဝင်ပစ်ခဲ့ရုံး ၃ ခု က ကပ်လျက်ပဲရှိတာ၊ ကျနော်တို့တပ်ဖွဲ့တွေမှာက လက်နက်ခဲယမ်းတွေ လိုအပ်ချက်ဖြစ်နေပါတယ်၊ အဓိကတော့ ခဲယမ်းတွေ အရေးပေါ်လိုနေတာပေါ့၊ အဲဒီအတွက် မိဘပြည်သူတွေကို အကူအညီ တောင်းခံပါတယ်” ဟု Freedom Revolution Force (FRF)မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF)၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၅ ၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် ၈ ၊ Pattern Group နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ရွာမွန်ကျေးရွာရှိ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ စစ်ရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု OPRF – PLA မှ တာဝန်ခံရဲဘော်ကျော်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၅၆ မိနစ်အချိန်က နတ်မောက်မြို့နယ်၊ ရွာမွန်ကျေး ရွာရှိ ပင်မစစ်လက်နက်ပစ္စည်းစက်ရုံ – နတ်မောက် (ပပန-နတ်မောက်) စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊နေပြည်တော်စစ်ဒေသ ၉၀၂ တပ်ရင်း နတ် မောက်ပြည်သူ့ကာကွယ်ရေးတပ် နှင့် OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ဒီပဲယင်းမြို့ကို PDF များက စိုးမိုးထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)