25.8 C
Yangon

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီး၊ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွား

Must read

ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီး၊ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွား

■ စစ်တပ် စစ်ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရပြီး နေအိမ် ၅ လုံးနှင့် ကား ၁ စီးပျက်စီးကာ စစ်သားများက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးပြီး ဆိုင်ကယ် ၄ စီးကို ခိုးယူသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၆ နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ပိန်းဇလုပ် အခြေစိုက်တပ်စခန်း ခလရ-၂၆၄ နှင့် ခမရ−၂၀ ၏ ညောင်လေးပင် အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်၊ တော်ဝိကျေးရွာ၊ ရေကြည်ချောင်း ကျေးရွာ တို့တွင် တပ်စွဲပြီး ပြည်သူ လူထုများ နေထိုင်ရာ ကျေးရွာများအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၆၄ လုံး ထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၅ လုံးနှင့် ကား ၁ စီး ပျက်စီးပြီး နွား ၂ ကောင်သေဆုံးကာ ပြည်သူ ၁ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ဆိုင်ကယ် ၄ စီးကို ခိုးယူဖျက်ဆီးခဲ့သည့်အပြင် ပျူစောထီးအဖွဲ့က ကျေးရွာ ဥက္ကဌသစ်များကို ရွေးချယ်ပြီး ငွေတု ထုတ်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ အကြမ်းဖက် စစ်ကောင်စီတပ်၏ ခမရ-၂၀ ညောင်လေးပင်အခြေစိုက်တပ်စခန်း၊ ပုဇွန်မြောင်းတာဖြတ်နှင့် တော်ဝိကျေးရွာမှ နေ၍ ၈၁ မမ နှင့် ၁၂၀ မမ လက်နက်ကြီးများဖြင့် အင်ကုန်းကျေးရွာ၊ ပန်းတင်ကုန်းကျေးရွာ၊ မီးလောင်ကုန်း ကျေးရွာနှင့် ကောက်မယ့်သူကျေးရွာသို့ စုစုပေါင်း အလုံး ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပိန်းဇလုပ်အခြေစိုက်တပ်ရင်း ခလရ-၂၆၄ က ပျဉ်ရေ ကျေးရွာသို့ လက်နက်ကြီး ၁၂၂ မမ ၁ လုံးပစ်ခတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် ခမရ-၂၀ က တော်ဝိကျေးရွာမှ နေ၍ လက်နက်ကြီး၁၂၀ မမ ၂ လုံးကို ရေဖြူကန်ကျေးရွာသို့ ပစ်ခတ်ခဲ့ရာ ထိုလက်နက်ကြီးများထိမှန်ပြီး ရေဖြူကန်ကျေးရွာမှ ဦးစိုးသိန်း၏ နွား ၂ ကောင်ကျည်စထိမှန် သေဆုံးခဲ့ရသည့်အပြင် ည ၁၀ နာရီခွဲ အချိန်တွင် ခမရ-၂၀ က ညောင်ပင်ပေါက်ကျေးရွာရှိ မလဲ့နှင့် ဒေါ်သန်းဦး၏ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်ဆိုင်ကယ် ၄ စီးကိုလည်း ခိုးယူသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ညောင်လေးပင် အခြေစိုက်တပ်စခန်းနှင့် ရေကြည်ချောင်း ကျေးရွာတွင်နေသော ခမရ-၂၀ နှင့် ပိန်းဇလုပ် အခြေစိုက်တပ်စခန်း ခလရ-၂၆၄ က ကွင်းဒလကြီးကျေးရွာ၊ ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ပျဉ်ရေကြီးကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ သံဆိပ်ကျေးရွာ၊ ညောင်ပင်ကြီးရွာဟောင်းနှင့် ဝိုင်သစ်ဆစ်ကျေးရွာကို ၁၂၀ မမ စုစုပေါင်း ၂၁ လုံး ပစ်ခတ် ခဲ့ရာ လက်နက်ကြီးများထိမှန်ပြီး ချုံအင်းကျေးရွာရှိ နေအိမ် ၃ လုံး ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပိန်းဇလုပ်အခြေစိုက် တပ်စခန်း ခလရ-၂၆၄ က ရေဖြူကန်ကျေးရွာကို လက်နက်ကြီး ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ပြီး နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များ အကြား ၁၅ မိနစ်ခန့်ကြာ တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ဘက်မှ ၂ ဦးသေဆုံးကာ KNLA လက်အောက်ခံတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များဘက်မှ ၂ ဦး အနည်းငယ်ထိခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ်တွင် ခလရ-၂၆၄မှ လက်နက်ကြီး ၁၂၀မမ ၁၁ လုံး ပစ်ခတ်ခဲ့ပြီး ဂွင်းကုန်းကျေးရွာ၊ ပုဇွန်မြောင်း၊ အင်းဝိုင်းကျေးရွာနှင့် ညောင်ပင်ကြီးရွာဟောင်းကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခမရ-၂၀ က ပုဇွန်မြောင်းမှနေ၍ ညောင်ပင်ကြီးကျေးရွာကို အင်အား ၃၀ ခန့်ဖြင့် လှေဖြင့် ကူးလာစဉ် KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးကာ KNLA လက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်များဘက်မှ ၂ ဦး အနည်းငယ် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် စစ်ကောင်စီတပ်သားများက RPG ၁ လုံးဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ ညောင်ပင်ကြီးရွာဟောင်းမှ ဒေါ်စန်းစန်းဦး၏ နေအိမ်ကို ထိမှန်ခဲ့ကြောင်း၊ ထို့နောက် နံနက် ၁၁ နာရီခွဲခန့်တွင် ညောင်လေးပင် အခြေစိုက်တပ်စခန်းက လက်နက်ကြီး ၁၂၀ မမ ၂ လုံးပစ်ခတ်ခဲ့ပြီး ရေဖြူကန်ကျေးရွာ တံတားထိပ်တွင် ကျရောက်ပေါက်ကွဲ သောကြောင့် ကားမောင်းသွားသည့် ဝိုင်ကျွန်းကျေးရွာမှ ကိုကိုလွင်၏ကားကို ထိမှန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကောက်ကွေ့ကျေးရွာမှ ပျူစောထီး အဖွဲ့များက အစည်းအဝေးကျင်းပပြီး လက်ရှိဥက္ကဌ ဦးတင်မောင်သန်းကို ဖြုတ်ချပြီး ကိုစိုးသူမောင်(ခ) ထွန်းမြတ်အောင် (ခ) နေတိုးဆိုသူကို ပြန်လည်ခန့်အပ်ခဲ့ကြောင်း၊ နေတိုးဆိုသူသည် ကောက်ကွေ့ရွာတွင် နေထိုင်ပြီး စစ်တပ် အာဏာ မသိမ်းခင်ကတည်းကပင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့်ပူးပေါင်းပြီး မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်းများ ပြုလုပ် ခဲ့ကာ ယခုအချိန်တွင် ငွေတုများ ပြုလုပ်နေသည်ဟု သိရကြောင်း၊ ၎င်းသည် ၃ ထပ်တိုက်နှင့်နေပြီး အောက်ဆုံး ထပ်တွင် မြေအောက်ခန်းတူးထားကာ ငွေတုလုပ်ငန်းလုပ်နေသည်ဟု ယူဆကြောင်း၊ ၎င်းတွင် ညီ ၁ ဦးရှိပြီး စိုးထွန်းလတ် (ခ) ဗိုလ်မှူးစောနော်ဖြစ်ပြီး ယခင်က ညီအစ်ကို ၂ ဦးစလုံးသည် BGF တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ညအချိန်တွင် ခလရ-၂၀ က ၎င်းထံသို့ လက်နက်ကြီး ၆၀ မမ အလုံး ၇၀ ကျော် လာပို့သွားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ညောင်လေးပင် အခြေစိုက် တပ်စခန်း ခမရ-၂၀ က လက်နက်ကြီး ၁၂၀ မမ ၄ လုံးကို ချုံအင်းကျေးရွာသို့ ပစ်ခတ်ခဲ့ရာ မစာဥ၏နေအိမ်သို့ ကျရောက်ပေါက်ကွဲပြီး မစာဥ ၄၆ နှစ် ကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိကာ လက်ရှိချိန်တွင် ဆောထိမြို့နယ် တာဝန်ရှိသူများမှ ဆေးကုသမှုပေးလျက်ရှိကြောင်း သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article