30 C
Yangon

“စိတ််နာတယ်စစ်တပ်ကို။ အမျိုးသားကို ထွက်ပြေးဖို့ ပြောတော့ သူ့အဖွဲ့အစည်းကို သစ္စာမဖောက်ဘူးဆိုပြီး ပြောခဲ့တာ။ အခုတော့ စစ်တပ်က သူ့ကို သစ္စာ ဖောက်သွားပြီ”

Must read

“စိတ််နာတယ်စစ်တပ်ကို။ အမျိုးသားကို ထွက်ပြေးဖို့ ပြောတော့ သူ့အဖွဲ့အစည်းကို သစ္စာမဖောက်ဘူးဆိုပြီး ပြောခဲ့တာ။ အခုတော့ စစ်တပ်က သူ့ကို သစ္စာ ဖောက်သွားပြီ”

(ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပျောက်ဆုံး စစ်သည်၏ ဇနီးမှ ပေးစာ)

ညီမက စကခ ၁၇ လက်အောက်ခံ တပ်တစ်ခုက စစ်သည်တစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ ညီမမှာ လသားအရွယ် ကလေးလေး မွေးထားတာမကြာသေးပါဘူး။ ညီမ အမျိုးသား(စစ်သည်) က ရှမ်းပြည်မြောက်ပိုင်း၊ ၁၀၅ မိုင်တိုက်ပွဲမှာ ပျောက် ဆုံးတယ်ဆိုပြီး တပ်ဘက်က ပြောပါတယ်။ သေသလား၊ ရှင်သလား မသိသေးပါဘူး။

မနှစ် ၁၁ လပိုင်းကတည်းပါ။ ၁၂ လပိုင်းမှာ ညီမက အမျိုးတွေဆီကို ခဏပြန်ပါတယ်။ အဲဒီမှာ လိုင်းခန်း အပိတ်ခံလိုက်ရပါတယ်။ ညီမ အမျိုးသားရဲ့ လစာ တစ် ဝက်ဆိုတာကလည်း တပ်ထဲမှာ နေမှ ရမယ်လို့ ပြောပါတယ်။

တပ်ဘက်က ပြောချင်တာက တပ်ထဲမှာ လာနေပြီး ဖက်ထိပ်လုပ်နိုင်မှ ပျောက်နေတဲ့ ညီမ အမျိုးသားရဲ့ လစာ တစ်ဝက်ကို ရမယ့်သဘောပါ။ တပ်ကိုလှမ်းပြီး အမျိုးသားသတင်းမေးတော့လည်း အဖမ်းခံရတယ်ပဲပြောတယ်။ လစာလိုချင်ရင် တပ်ကိုပဲ ပြန်လာနေဖို့ပဲ ပြောနေတယ်။

“စိတ််နာတယ်စစ်တပ်ကို။ တပ်က ထွက်ပြေးတဲ့လူတွေကျတော့ ပြန်လက်ခံပြီး တိုက်ပွဲဖြစ်ပြီးပျောက်နေတဲ့အခါကျတော့ ရှာဖွေမှုလည်းမလုပ်ပေးခဲ့ပါဘူး။”

“ညီမ အမျိုးသားကိုထွက်ပြေးဖို့ ပြောခဲ့တယ်။ သူက သူ့ အဖွဲ့အစည်းကို သစ္စာမဖောက်ဖူးတဲ့။ အခုအဲဒီ သူ့အဖွဲ့အစည်း စစ်တပ်က သူ့ ကိုသစ္စာဖောက်သွားပြီ။”

အဖမ်းခံရတယ်ဆိုရင်လည်း အခုအချိန်လိုင်းပေါ်မှာ တွေ့ရမယ့်ဟာကို။ တစ်ယောက် တည်း လူကွဲသွားလို့ သေနေလား၊ ဘာလားလဲ မသိဘူး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article