30 C
Yangon

မြင်းခြံမြို့ ၊ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပို့ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦး သေဆုံး

Must read

မြင်းခြံမြို့ ၊ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာများလာရောက်ပို့ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၄ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၅

မန္တလေးတိုင်း၊ မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းသို့ ရဟတ်ယာဉ်ဖြင့် ရိက္ခာ၊ ခဲယမ်းများလာရောက်ပို့ ဆောင်စဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၄ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ် ဖွဲ့ တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇွန်လ ၁၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြင်းခြံမြို့ ခမရ ၁၅ တပ်ရင်းအတွင်းသို့ မိတ္ထီလာလေတပ်မှ ရဟတ် ယာဉ်ဖြင့် လက်နက်ခဲယမ်းလာရောက်ပို့ဆောင်ပြီး တပ်ရင်းအတွင်း၌ ရဟတ်ယာဉ် ရပ်နား နေစဉ် တပ်ရင်းရှေ့ရှိ ဂိတ်စခန်းကို ဗုံးသီး ၁ လုံး၊ တပ်ရင်းအတွင်းသို့ ဗုံးသီး ၃ လုံးတို့ကို Shar Htoo WOW နည်းပညာသုံး Fixed Wing Drone များဖြင့် ၄ ကြိမ်တိုင်တိုင် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၄ ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

“အဲဒီတုန်းက သူတို့ပစ္စည်းတွေကို ရဟတ်ယာဉ်နဲ့ချနေတာရှိတယ်၊ ရဟတ် ယာဉ် ကို အဲဒီတပ်ရင်းထဲ မှာ ရပ်နေတာ၊ မိတ္ထီလာကနေပြီး ရဟတ်နဲ့ပစ္စည်းတွေလာပို့ထားတာ၊ အဲဒီအချိန်မှာ ချလိုက်တာ၊ တပ်ရင်းထဲကို ၃ လုံးနဲ့ တပ်ရင်းရှေ့ဂိတ်ကို ၁ လုံးချတာ၊ နောက်တပ်ထပ်တိုးသေဆုံးမှုတော့ မကြားမိ ဘူး” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF တပ်ဖွဲ့ တာဝန်ခံ ကိုလင်းလက်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ် ခမရ ၁၅ တပ်ရင်းအတွင်းမှ ၁၂၀ မမ လက် နက်ကြီးများဖြင့် တပ်ရင်းအနီးတဝိုက်ရှိ ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ ဘက် သို့ ရမ်းသမ်းပစ်လျက်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF၏ Drone တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်းနှင့် မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article