28 C
Yangon

မင်အောင်လှိုင်က ဗိုလ်မှူးချုပ် ၁ ဦးနှင့် ဗိုလ်မှူးကြီး ၄ ဦးကို ရာထူးတိုး နေရာအပြောင်းအရွေ့ ပြုလုပ်ပြီး လူယုံမွေးမှု ဆက်လက်လုပ်ဆောင်နေ

Must read

မင်အောင်လှိုင်က ဗိုလ်မှူးချုပ် ၁ ဦးနှင့် ဗိုလ်မှူးကြီး ၄ ဦးကို ရာထူးတိုး နေရာအပြောင်းအရွေ့ ပြုလုပ်ပြီး လူယုံမွေးမှု ဆက်လက်လုပ်ဆောင်နေ

ရန်ကုန်၊ ဇွန် ၁၆

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဗိုလ်မှူးချုပ် ၁ ဦးနှင့် ဗိုလ်မှူး ကြီး ၄ ဦးကို ရာထူးတိုး နေရာအပြောင်းအရွေ့ ပြုလုပ်ပြီး လူယုံမွေးမှုများ ဆက် လက်လုပ်ဆောင်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များကို ကိုးကား၍ CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်အတွင်း အပြောင်းအရွှေ့များ ထပ်မံ လုပ်ဆောင်နေပြီး မင်းအောင်လှိုင်မှ အပတ်စဉ်အငယ်၊ မျိုးဆက်သစ်အငယ်များ အစားထိုးကာ လူယုံမွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ရှင်းပြသည်။

ဇွန်လ ၁၄ ရက်နေ့ စစ်ကောင်စီ၏ တပ်တွင်း အပြောင်းအရွှေ့စာရင်း ထပ်မံထွက်ရှိလာခြင်းဖြစ်ပြီး လက်ရှိ အပြောင်းအရွှေ့တွင် နေပြည်တော်အနီးတစ် ဝိုက်မှ ဗိုလ်မှူးကြီးများကို ပြန်လည်ခေါ်သည့် အနေအထားမျိုးဖြစ် ကြောင်း၊ ထွက်ရှိလာသည့် လူအပြောင်းအရွှေ့စာရင်းအရ မင်းအောင်လှိုင်တွင် လူယုံနည်းနေပြီဟု သုံးသပ်၍ ရကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။

“ကျောင်းကြီးတွေက အပြောင်းအရွှေ့တွေ။ ဒါပေမဲ့ ထူးခြားနေတာက နေပြည်တော်နားတစ်ဝိုက်ကိုပဲ ဗိုလ်မှူးကြီးတွေကို ပြန်ခေါ်တဲ့ အနေအထားမျိုးပေါ့နော်။ လူတွေ ပြန်ခေါ်တယ်။ ကျောင်းက လူတွေကိုပဲ နေပြည်တော်နားကို ဆွဲကပ်တယ်။ အဲဒီတော့ သူ့နားမှာ လူယုံတွေ ထပ်ပြီးတော့ မွေးတယ်ဆိုတဲ့ သဘောမျိုး ပြောလို့ရတယ်။ နောက် တစ်ခုက သူ့ဘေးနားမှာ ယုံကြည်ရတဲ့ အစုအဖွဲ့နည်းနေပြီ။ဒါကြောင့် တစ်ယောက်ပြီး တစ်ယောက် တစ် လျှောက် စစ်ရုံးထဲမှာပဲ ဒါနဲ့ဆိုရင် ၃ ကြိမ်မကဘူး။ စစ်ရုံးအတွင်းမှာတင် ဟိုရုံးပြောင်း ဒီရုံးပြောင်းနေတာတွေ ပြောင်းနေတဲ့ သဘောဆိုတော့ သူ့ဘေးနားမှာ ယုံကြည်ရတဲ့လူ အစုအဖွဲ့ အငယ်တွေ အပတ်စဉ် အငယ်တွေ မျိုးဆက်သစ်အငယ်တွေနဲ့ အစားထိုးနေတယ်လို့ ပြောလို့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ အကြမ်းဖက်စစ်တပ်၏ ရာထူးတိုး အပြောင်းအရွှေ့စာရင်းတွင် ပါဝင်သူများမှာ-

၁- စစ်ဦးစီးဗိုလ်မှူးကြီး ကျော်ထိုက် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် (မြိတ်) ရာထူးမှ တမာတောဗိုလ်ရွေးအဖွဲ့ ကျောင်းအုပ်ကြီး (ချောင်းမကြီး နေပြည်တော်) အဖြစ်လည်းကောင်း၊

၂- စစ်ဦးစီးဗိုလ်မှူးကြီး ကျော်စိုးမိုး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တောင်ငူ) ရာထူးမှ နေပြည်တော်တိုင်းစစ် ဌာနချုပ် တိုင်းစစ်ဦးစီးချုပ် (နေပြည်တော်) အဖြစ်လည်းကောင်း၊

၃- ဗိုလ်မှူးကြီး ကျော်မျိုးအောင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်နည်းပြ ရာထူးမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး (နေပြည်တော်)အဖြစ်လည်းကောင်း၊

၄- ဗိုလ်မှူးကြီး ဇော်ထိုက် စစ်ဦးစီးတက္ကသိုလ် နည်းပြ ရာထူးမှ နည်းပြမှူးချုပ်(ကလော)အဖြစ်လည်းကောင်း၊

-၅ ဗိုလ်မှူးချုပ် ကျော်မြဝင်း စစ်ဦးစီးတက္ကသိုလ် ဒုကျောင်းအုပ်ကြီး (ကလော) ရာထူးမှ တမာတောလေ့ကျင့်ရေးအရာရှိချုပ်ရုံး လက်ထောက်လေ့ကျင့်ရေးအရာရှိချုပ် (နေပြည်တော်) အဖြစ်လည်းကောင်း ရာထူးများ အသီးသီးတိုးမြှင့်ပေးလိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article