ကလေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့အကြိုအထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်
ရန်ကုန်၊ ဇွန် ၁၆
ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို တော်လှန်သော ကလေးမြို့ဒေသပြည်သူများနှင့် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။