27 C
Yangon

ဆီဆိုင်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရ၊ နမ့်ဆန်တွင် စစ်လက်နက်ကြွင်းကျန် ပစ္စည်းကို ကလေးငယ် ၁ ဦး ဆော့ကစားစဉ် ပေါက်ကွဲမှု ဖြစ်ပြီး ပြင်းထန် ဒဏ်ရာရ

Must read

ဆီဆိုင်တွင် စစ်တပ် ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရ၊ နမ့်ဆန်တွင် စစ်လက်နက်ကြွင်းကျန် ပစ္စည်းကို ကလေးငယ် ၁ ဦး ဆော့ကစားစဉ် ပေါက်ကွဲမှု ဖြစ်ပြီး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၆

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA ထံမှ သိရသည်။

ဇွန်လ ၁၃ ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာမှ ပြည်သူများ ဖုန်းလိုင်းမိသည့် နေရာသို့ သွားရောက်ရသည့် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNO အဖွဲ့က ထောင်ထားသည် မိုင်းနင်းမိပြီး ကျေးရွာနေပြည်သူ နန်းထားရီ ခြေထောက် တစ်ဖက်ပြတ်ကာ မျက်နှာတွင်လည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

ယခင်ကာလကလည်း နောင်ရင်းကျေးရွာသား ၁ ဦး ရေချိုးပြီး ပြန်လာစဉ် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန်လ ၆ ရက်နေ့ကလည်း ဆီဆိုင်မြို့ မြကန်သာရပ်ကွက်မှ ပြည်သူ ၁ ဦးဖြစ်သည့် ဒေါ်စိုးစိုး လတ်သည် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး သေဆုံးသွားခဲ့ကြောင်း PNLA က ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် စစ်လက်နက် ကြွင်းကျန် ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့တွင် အသက် ၁၄ နှစ်အရွယ် စိုင်းလောင်(ဝ်)အွန်သည် လက်ဖက်သွားခူးစဉ် ခြံထဲ၌ စစ်လက်နက်ပစ္စည်း တစ်ခုကို ကောက်ယူ၍ ဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ် ကြောင်းသိရှိရသည်။

ထိုကဲ့သို့ ပေါက်ကွဲမှုကြောင့် စိုင်းလောင်(ဝ်)အွန်၏ လက်၊ ရင်ဘတ်နှင့် မျက်နှာတို့အပြင် ခန္ဓာကိုယ်တွင်လည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိတွင် နမ့်ဆန်ဆေးရုံ၌ ဆေးကုသမှု ခံယူလျှက်ရှိကြောင်း၊ ဇွန်လ ၁၁ ရက်နေ့တွင်လည်း မန်တုံမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းဟောင်း၌ မိုင်းပေါက်ကွဲ မှုကြောင့် မှိုသွားရှာသည့် စစ်ရှောင်ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းသိရှိရသည်။

အလားတူ ဇွန်လ ၈ ရက်နေ့တွင်လည်း ကျောက်မဲမြို့နယ်ပန်လော့ရွာ ထောင်မိုင်းပေါက်ကွဲ၍ အရပ် သား ပြည်သူ၁ ဦးခြေထောက်တစ်ဖက်ပြတ်သွားခဲ့ကြောင်း ၊ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဒေသများတွင် စစ်လက်နက် ကြွင်းကျန်များ မရှင်းလင်းနိုင်သေးသောကြောင့် ပြည်သူများအနေဖြင့် တောတောင်နှင့် လက်ဖက်ခြံများကို သွားလာရာတွင် သတိပြုရန်နှင့် ဒေသတွင်း မိုင်းရှင်းလင်းရေး အပြည့်အဝ မလုပ်ဆောင်နိုင်သေးခင် လက်ဖက်ခြံတွင်ဖြစ်စေ စစ်လက်နက်ကြွင်းကျန်များ တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပေးရန် PSLF/ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article