28 C
Yangon

တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် ဆန်စျေးကို လိုသလို ကစားနိုင်သည်ဟု ယူဆရသော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေ၊ စစ်ဆေးချက်အပေါ် မူ တည်​ပြီး အရေးယူမည်

Must read

တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် ဆန်စျေးကို လိုသလို ကစားနိုင်သည်ဟု ယူဆရသော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေ၊ စစ်ဆေးချက်အပေါ် မူ တည်​ပြီး အရေးယူမည်

ရန်ကုန်၊ ဇွန် ၂၂

တစ်နိုင်ငံလုံး ဆန်စျေးကွက်တွင် စျေးကစားနိုင်သော လက်ကြီး ကုန်သည်များ၊ ဆန်စက်များကို စစ်ကောင်စီက စီမံချက်ဖြင့် ဖမ်းဆီးနေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၁ ရက်နေ့မှစတင်၍ ယင်းသို့ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရာတွင်လည်း ဆန်စျေးနှုန်းသတ်မှတ်မှု၊ အရောင်းအဝယ်၊ ဆန်အဝင်အထွက်များကို စုံစမ်းမေးမြန်းရန်ဖြစ်ကြောင်း၊ ထို့ပြင် ဆန်သိုလှောင်မှုနှင့် စပါး သိုလှောင်မှုများကိုပါ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

“ခေါ်စစ်မယ်။ သူတို့ ဘာတွေ လုပ်ထားလဲအပေါ်မှာ မူတည်ပြီး စျေးကစား၊ ဆန်သိုလှောင်တာ၊ စပါး သိုလှောင်တာတွေရှိရင်တော့ အရေးယူခံရမယ်။ ပြည်နယ်/တိုင်းအားလုံး ခေါ်ပြီး စစ်ဆေးခိုင်းတာပါ။ ဖမ်းတာတော့မဟုတ်ဘူး။ သို့သော်လည်း အိမ်တော့ ပြန်မရဘူး။ သက်ဆိုင်ရာ ရုံးတွေမှာ ခဏ ခေါ်ထားမယ်။ စစ်ဆေးမယ်။ သူလုပ်တဲ့ လုပ်ရပ်အပေါ် မူတည်ပြီး အရေးယူမှု ရှိနိုင်တယ်” ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။

ဆန်ကုန်သည်များ၊ ဆန်စက်များကို ခေါ်ယူစစ်ဆေးမှုများကို စသုံးလုံး၊ စစ်တပ်၊ ထွေ/အုပ်၊ စီးပွား/ကူးသန်း၊ စားသုံးသူရေးရာဦးစီးဌာနတို့က အဓိက ကိုင်တွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှ ပြည့်စုံအောင်ဆန်စက်ပိုင်ရှင်လည်းဖြစ် ပဲခူးတိုင်းဆန်စပါးအသင်း၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးထင်ဇော်လှိုင်နှင့် ပြည်မြို့မှ ဆန်ကုန်သည် ကိုဇော်ထက်ပိုင် တို့ကိုလည်း စစ်တပ်က မေးမြန်းစရာရှိသည်ဟုဆိုကာ လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်တွင်းဆန်ဆိုင်တချို့တွင် ဆန်ဝယ်နေကြသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article