34.8 C
Yangon

ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

Must read

ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

ရန်ကုန်၊ ဇွန် ၂၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များက ပထမဆုံးအကြိမ်အဖြစ် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်လိုက်ပြီးနောက် ဒီပဲယင်းမြို့နယ်မှ သံဃာတော်များကလည်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာတွင်ပါဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“ယခုလက်ရှိအကြမ်းဖက်စစ်ကောင်စီကို သပိတ်မှောက်ဒဏ်ခတ်ခြင်းအပါ အ ဝင် ပေါ့၊ နောက်ဆက်ပြီး တော့လည်းပဲ ဒီပုဂ္ဂိုလ်တွေဟာ ဝင်းနိမ္မိတာဆရာ တော် ကြီး သတ်ဖြတ်ခံရခြင်းအပါအဝင် သံဃာ‌ တော်တွေဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေတာတွေနဲ့ပတ်သက်ပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိရှိနဲ့ သံဃာထုကျေနပ်အောင်၊ တိုင်းပြည်ကျေနပ်အောင် မတောင်းပန်ဘူးဆိုရင် ပြည်တွင်းပြည်ပသံဃာ တွေရော၊ ပြည်သူလူထုနဲ့ရော ချိတ်ဆက်ပြီးမှ ဆောင်ရွက်စရာရှိတာတွေ ဆက်လက်ဆောင်ရွက်သွား ဖို့အစီအစဉ်တွေရှိပါတယ်။” ဟု ဒီပဲယင်းမြို့နယ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာတွင် ဦးဆောင်ပါဝင်သူ ဆရာ‌ တော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ မိန့်ကြားသည်။

ဒီပဲယင်းမြို့နယ်မှ သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာတွင် သံဃသပိတ်ဦးဆောင်ဆရာတော် အရှင်ပညိဿရာလက်ာရ ဦးဆောင်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၁၉ ရက်နေ့ ငါန်းဇွန်မြို့နယ်တွင် ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်သည့်အတွက် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မှုများကို သံဃာတော်များက စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဝင်းနိမ္မိတာ ဆရာတော်ကြီးကို အကြောင်းပြုပြီးပြောရတာက ဆရာတော်က ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်ထူးဖြစ်တဲ့အတွက်ကြောင့် ဆရာတော်ကြီးကို အကြောင်းပြုပြီးတော့ သပိတ်မှောက်ကံဆောင် တယ်လို့ ဒီလိုပြောကြတာဖြစ်ပါတယ်။ တကယ်တော့ နွေဦးတော်လှန်ရေး ကာလတလျှောက်မှာ စစ် ကောင် စီ သတ်ဖြတ်ခဲ့တဲ့ ဖမ်းဆီးခဲ့တဲ့ ထောင်ချခဲ့တဲ့ ရဟန်းသာမဏေတွေဟာ ရာချီပြီးတော့ ရှိနေပါ ပြီ။ ဒါကြောင့် ဝင်းနိမ္မိတာဆရာတော်ကဲ့သို့ တခြားတခြားသော ရဟန်းသံဃာတွေကိုရော လက် လွတ်စပယ်သတ်ဖြတ်နေတာကို ချက်ချင်းရပ်တန့်ဖို့၊ နောက်နောင်လည်း အခုလိုအပြုအမူတွေ မပြု လုပ် ဖို့၊နောက်ပြီးတော့ ဒီစစ်ကောင်စီဟာ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ လုံးဝမညီဘူး။ သူတို့ ကိုယ် ပါးစပ်ကပြောပြီးတော့ လုံးဝချိုးဖောက်တယ်။ ဘုရားပုထိုးစေတီကုန်းတွေမှာ တပ်စခန်းတွေချ တယ်။ ဘန်ကာတွေဖွဲ့ပြီးတော့ ဗျူဟာကုန်းတွေလုပ်တယ်။ ဒါဟာ သာသနိက ပျက်စီးအောင် လုပ် လိုက်တာ၊ ဆောင်ရွက်လိုက်တာနဲ့အတူတူပဲ။ ဒါဟာဘာသာ သာသနာကို ဖျက်ဆီးနေတာပဲ၊ နောက် ပြီး တော့ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေကြောင့် သေဆုံးရတဲ့သံဃာတွေ၊ ဂျက်ဖိုက်တာတွေ၊ လေယာဉ်တွေနဲ့ပေါင် ၅၀၀ ဗုံးတွေ လက်နက် ကြီးတွေပစ်ခတ်တဲ့အတွက် ကြောင့် သေဆုံးရတဲ့ သံဃာတွေ၊ နောက်တစ်ခါ အညာဒေသအပါအဝင်အနယ်နယ်အရပ်ရပ်မှာ စစ်ကြောင်း တွေ ထိုးပြီး တော့ စစ်ကောင်စီရဲ့လက်ပါးစေတွေပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့ သံဃာ တွေဟာ ရာချီ ရှိပါတယ်။ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီ စစ်အုပ်စုကို ဥူးဇင်း တို့က ပြစ်ဒဏ် ချမှတ်သပိတ်မှောက်ခြင်းဖြစ်ပါတယ်” ဒီပဲယင်းမြို့နယ် ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ရာ တွင် ဦးဆောင်ပါဝင်သူ ဆရာ‌တော်တစ်ပါးက မိန့်ကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article