မုံရွာမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အဖြူရောင်လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂
မုံရွာမြို့နယ်အတွင်းရှိ နေရာ သုံးခုတွင် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အကျီအဖြူရောင်များ ဝတ်ဆင်ခြင်း ၊ ရွာလယ်ခေါင်များ ၊ သစ်ပင်များ ၊ လမ်းမီးတိုင်များတွင် အဖြူရောင်အစများ ချိတ်ဆွဲခြင်းတို့ဖြင့် အဖြူရောင် လှုပ်ရှားမှုအား တစ်ရက်တည်း တပြိုင်တည်း ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဖြူရောင်လှုပ်ရှားမှုနောက်ဆက်တွဲအနေဖြင့် ၁၀၂၇ စစ်ရေးလှိုင်းများနှင့်အတူ တပ်မတော်သားများ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် တောင်းဆို ကြိုဆိုခြင်းအဖြစ် “ ပြည်သူ့ရင်ခွင်မှ ကြိုဆိုပါတယ် “ သပိတ် ဘန်နာများ ကိုင်စွဲကာ ချီတက်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုများကို ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး-BLDF က လုံခြုံရေးတာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/07/449678279_836021698625438_4553853562150890652_n.jpg)
![](https://yktnews.com/wp-content/uploads/2024/07/449681455_836021651958776_7823963716831176792_n.jpg)
![](https://yktnews.com/wp-content/uploads/2024/07/449611527_836021791958762_502693059568406114_n.jpg)