30 C
Yangon

ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး

Must read

ဝန်ကြီးဌာန နှင့် ဦးစီးဌာနများ၏ လျှို့ဝှက်အမိန့် နှင့်ညွှန်ကြားချက်များ Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီး ရာပြည့် အမိန့်ထုတ်တားဆီး

ရန်ကုန်၊ ဇူလိုင် ၈

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ လျှို့ ဝှက် အမိန့်များနှင့် ညွှန် ကြား ချက်များသည် Viber Group မှတစ်ဆင့် ပေါက်ကြားခဲ့သဖြင့် Viber အသုံးပြု သတင်းပေးပို့ခြင်းများကို လုံး၀ မပြုလုပ်ရန် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အမိန့်ပေးလိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၂၆ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပခဲ့သည့် ၃၇ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးနောက် ပြည်ထဲရေးဝန်ကြီး ဌာနမှ ဝန်ထမ်းများနှင့် သီးခြားတွေ့ဆုံစဉ် ဝန်ကြီးဒုဗိုလ်ချုပ်ကြီးရာပြည့်က ထိုသို့ Viber အသုံးပြု၍ သတင်းပေးပို့ခြင်းများ လုံး၀မပြုလုပ်ရန် အမိန့်ပေး ညွှန်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြည်ထဲရေးဝန်ကြီးက လမ်းညွှန်ချက်အနေနဲ့ သတင်းလုံခြုံရေးနဲ့ လက်တွေ့ လုံခြုံရေး မကျိုးပေါက်စေဖို့ Viber အသုံးပြု သတင်းပို့တာတွေ ရပ်တန့်ဖို့ အမိန့်ပေးတယ်။ အထူးသဖြင့်တော့ ခင်ဗျားတို့ ခေတ်သစ်မီဒီယာဆီကို လျှို့ ဝှက် ညွှန်ကြားချက်နဲ့ အမိန့်တွေ ပေါက်ကြားနေတာကို လုံး၀ ရပ်တန့်ရမယ်လို့ ပြောသွားတယ်” ဟု ပြည်ထဲ ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုဗိုလ်ချုပ်ကြီးရာပြည့်၏ ပြောဆိုချက်မှာ “ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများတွင် ဝန်ထမ်းတချို့၏ သစ္စာမရှိမှုကြောင့် သတင်းပေါက်ကြားမှုများ မဖြစ်ပေါ်စေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ အရေးကြီးသော ကိစ္စ လျှို့ဝှက်သင့်သည်ကို အပိုင်းလိုက် ခွဲခြားပြီး ညွှန်ကြားရန်၊ သတင်းနှင့်စာရွက်စာတမ်းများ၏ လုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် Viber အသုံးပြု ပေးပို့ခြင်း လုံး၀ မပြုလုပ်ရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် ပြောဆိုခဲ့သည်။

ထို့ပြင် ခေတ်သစ်မီဒီယာနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြောဆိုရာတွင် ” Viber Group မှတစ်ဆင့် ခေတ်သစ်မီဒီယာတွင် သတင်းပေါက်ကြားမှု ရှိသဖြင့် အမှုမဲ့ အမှတ်မဲ့ ဖြစ်နိုင်၍ ဂရုစိုက် ဆောင်ရွက်ကြရန်၊ ဝန်ထမ်းအပြောင်း အရွှေ့ကိစ္စများ ခေတ်သစ်မီဒီယာက အားလုံး သိနေသဖြင့် စာရွက် စာ တမ်း လုံခြုံရေး ၊ သတင်းလုံခြုံရေးကို အထူးဂရုစိုက် ဆောင်ရွက်ကြရန် အမိန့်ပေးသွားသည်။

မကြာသေးမီကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝန်ကြီးဌာနများအတွင်း လျှို့ဝှက်ချက်များကို ပေါက်ကြားစေသူများကို ဖော်ထုတ်အရေးယူရမည်ဖြစ်ကြောင်း စစ်ကောင်စီအစည်းအဝေးတွင် ထုတ် ဖော်ပြောဆိုသွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article