27 C
Yangon

လောင်းလုံးမြို့၊ လားဘုံးတောင်ရေဒါစခန်းသို့ လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

Must read

လောင်းလုံးမြို့၊ လားဘုံးတောင်ရေဒါစခန်းသို့ လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံး PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက် နေ့က လောင်းလုံးမြို့မှ လားဘုံးတောင်ရေဒါစခန်းသို့လာသည့်အကြမ်းဖက် စစ်တပ် စစ်ကြောင်းတို လျှပ်တပြက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၁၀ မိနစ် ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်က ပစ်ခတ်သည့် ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဆက်လက်ထွက်ခွာလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို ကြယ်တောင်အရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်သားများထိခိုက်သေဆုံးမှုရှိပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အခုနောက်ပိုင်း စစ်တပ်က စစ်ကြောင်းတွေ လှုပ်ရှားမှုများလာတယ်။ လက်နက် ရိက္ခာအင်အားတွေ ပြန်လည်ဖြည့်တင်းနေပြီး စစ်မှုထမ်း သင်တန်းဆင်းတွေ မြေပြင်မှာ အသုံးပြုလာတယ်။ နောက်ပိုင်းမှာ မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ဖြစ်လာနိုင်တယ်။ ပြည်သူတွေကိုတော့ အမြဲတမ်း စစ်ရေးသတိရှိဖို့ပြောချင်ပါတယ်” ဟု လောင်းလုံးမြို့နယ် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပကဖ) နှင့် ထား၀ယ်ခရိုင် တပ်ရင်း ၁ ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ဖယ်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့နှင့် ကျောင်းသားတော် လှန်ရေး တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article