27 C
Yangon

မန္တလေး၊ ပုသိမ်ကြီးရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၆ နှင့် ခမရ ၁၁၉ တပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွား

Must read

မန္တလေး၊ ပုသိမ်ကြီးရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၆ နှင့် ခမရ ၁၁၉ တပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၂၇

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ခမရ ၁၁၆ နှင့် ခမရ ၁၁၉ တပ်ရင်း ၂ ခုကို ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တပ်ဘက်သတင်းရင်းမြစ်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်မြောက်ဘက်၊ ခမရ ၁၁၆ နှင့် ခမရ ၁၁၉ တပ်ရင်းတို့ကို ရှော့တိုက် ဒုံး ၄ လုံးစီဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲသည့်အသံကို ဒေသပြည်သူများက ကြားသိရကြောင်း သိရှိရသည်။

“ပေါက်ကွဲသံကြီးတွေ ဆက်တိုက်ကြားရတယ်။ ပြီးတော့ လူနာတင်ကားသံလည်းကြားရတယ်။ တပ်ထဲကို ပစ်တယ်လို့လည်း မနက်ပိုင်းမှာ ပြန်သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မန္တလေး စစ်ဘက်အသိုင်းအ၀ိုင်းကလည်း ရှော့တိုက်ဒုံးဖြင့် ပုသိမ်ကြီးမြို့နယ်အတွင်းမှ တပ်များ ပစ်ခတ်ခံရမှု မှန်ကန်သော်လည်း အသေးစိတ် အခြေအနေများကို မသိရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရှော့တိုက်ဒုံးဖြင့် အပစ်ခံရသည့် ခမရ ၁၁၆ နှင့် ခမရ ၁၁၉ မှာ တပ်မ ၃၃ လက် အောက်ခံ တပ်များဖြစ်ကြောင်း သိရှိရသည်။

MNDAA ၊ TNLA နှင့် မန္တလေး PDF တပ်များက နောင်ချို၊ လားရှိုး၊ မိုးကုတ်၊ စဉ့်ကူးမြို့နယ်များကို သိမ်းပိုက်ပြီးနောက် မန္တလေးသို့ စစ်မျက်နှာဦးတည်နေသည်ဆိုသော သတင်းစကားများကြောင့် ပြည်သူများအကြား စိုးရိမ်မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တပ်မ ၃၃ လက်အောက်ခံ ခမရ တပ်ရင်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article