လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၃၀
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုကို ဇူလိုင်လ ၃၀ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို “အာဏာရှင်ဆန်သမျှ ဖီဆန်ကြ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ”စာသား ပါဘန်နာကိုင်ဆောင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်၍ ချီတက်ခဲ့ကြကြောင်း သိရှိရသည်။