27 C
Yangon

မြင်းမူနှင့် ချောင်းဦးရှိ ရဲစခန်းနှင့် စစ်တပ် အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

မြင်းမူနှင့် ချောင်းဦးရှိ ရဲစခန်းနှင့် စစ်တပ် အထိုင်စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

ရန်ကုန်၊ ဩဂုတ် ၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ချောင်းဦးမြို့နယ်ရှိ ရဲစခန်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိုင်ချ တပ်စွဲထားသော စခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း မုံရွာခရိုင်အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ်ခန့်တွင် မြင်းမူမြို့နယ်ရှိ တောချောင်းဦး ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၂ ကီလိုဂရမ် ဗုံးသီး ၃၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နတ်ရေကန် အထိုင် စခန်းကို ဒရုန်းဖြင့် ၂ ကီလိုဂရမ် ဗုံးသီး ၂၀ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ပျူ‌စောထီးများ ထိခိုက် ဒဏ်ရာ ရရှိမှု အများအပြားရှိ‌ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၈ တပ်ရင်း -Farmers Revolution Force ၊ Black Eagle Defense Force-MMU ၊ TGYR-Youth Guerrilla Counter Revolution-(ငါန်းဇွန်) ၊ မြင်းမူမြို့နယ် ပကဖ နှင့် ရေနဂါးပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article