33 C
Yangon

စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်

Must read

စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်

ရန်ကုန်၊ ဩဂုတ် ၁၅

အကြမ်းဖက် စစ်ကောင်စီအတွက် လက်နက်ခဲယမ်းနှင့်စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အဓိက သယ်ယူမှုများရှိနေသော ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲပြီး လုံခြုံရေးကင်းလှည့်ရထား တိမ်းမှောက်သွားခဲ့ကြောင်း မီးရထား သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း ဖြူးမြို့နယ်၊ ညောင်လေးပင် ဘူတာမှ စစ်သားနှင့်ရဲများ လိုက်ပါသော လုံခြုံရေး ကင်းလှည့်ထွက်လာသော ရထားကို ညောင်ပင်သာနှင့်ဖြူးဘူတာအကြား ရထားလမ်း အဆန်လမ်း မိုင်တိုင်အမှတ် ၁၃၂ တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် ရထားထိမှန်ပြီး လမ်းချော်သွားခဲ့ကြောင်း သိရှိရသည်။

“လက်နက်ခဲယမ်းနဲ့ စစ်ပစ္စည်းတွေ သယ်ယူတာမျိုးရှိရင် ရထားနဲ့ ကင်းလှည့်တာမျိုးတွေရှိပါတယ်” ဟု မီးရထားသတင်းရင်းမြစ်က ပြောဆိုသည်။

မိုင်းဆွဲမှုကြောင့် ရထားလမ်းများ ထိခိုက်ပျက်စီးမှုရှိပြီး ရထားခရီးစဉ်များ ယာယီရပ်ဆိုင်းမှုများ ရှိခဲ့ကြောင်း၊ လက်ရှိတွင် စစ်ကောင်စီက ရထားလမ်းတစ်လျှောက်တွင် လုံခြုံရေးပိုမိုတိုးမြှင့်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article