တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦး သေဆုံး၊ စစ်တပ်ရိက္ခာတင်ကားကိုလည်း ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၃၁
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာအနီးတွင် အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – မြိတ် ပကဖ ထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာ အခြေ စိုက် ခမရ ၅၅၆ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့် တနင်္သာရီမြို့ဘက်သို့ ခြေလျင်လျှောက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ရမ်းဖိုကျေးရွာအနီး အရောက် မိုင်း ၂ ဆွဲပြီး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းအကြမ် းဖက် စစ်တပ် စစ်ကြောင်းသည် ရမ်းဖိုကျေးရွာအနီးတွင် ရပ်တန့်နေကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ နှင့် တနင်္သာရီ ရိုးမပြည်သူ့ကာကွယ် ရေးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များအနေဖြင့် လုံခြုံ သော နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဩဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း မြိတ်မြို့ဘက်မှတက်လာသော ရိက္ခာတင်ကားတစ်စီးကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖနှင့်တနင်္သာရီရိုးမအဖွဲ့တို့ပူးပေါင်းပြီး ဘန်းလမွတ်ကျေးရွာအုပ်စု၊ချောင်းညီကိုရွာအနီးတွင် တစ်ကြိမ်၊ရမ်းဖိုရွာအနီးတွင်တစ်ကြိမ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်၍ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
လတ်တလော မြိတ် – တနင်္သာရီမြို့ လမ်းမကြီးတလျှောက် စစ်ရေးတင်းမာမှုများရှိနေပြီး ပြည်သူများအနေဖြင့် ကား မှန်များ ဖွင့်ပြီး မောင်းနှင်ခြင်း၊ ကုန် ကားများ တာလပတ်ဖွင့်၍ မောင်းနှင်ခြင်းတို့ လုပ်ဆောင်ပေးပါ ရန်၊ ခရီးသည်တင် ကားများ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ခရီးသွားလာခြင်း မပြုလုပ်ကြရန် နှင့် စစ်ကောင်စီယာဥ်တန်းများနှင့် နီးကပ်စွာသွာလာခြင်းများ ရှောင်ကြဥ်ကြရန် တော်လှန်ရေးတပ်ဖွဲ့က သတိပေး ထုတ်ပြန် ထားသည်။