27 C
Yangon

ရေတာရှည်၊ ဖြူးနှင့် သထုံမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ၊ ပြည်သူ ၉၁ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရေတာရှည်၊ ဖြူးနှင့် သထုံမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရ၊ ပြည်သူ ၉၁ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၈

ပဲခူးတိုင်း၊ ရေတာရှည်နှင့်ဖြူးမြို့နယ်၊ မွန်ပြည်နယ်၊ သထုံမြို့နယ်တို့တွင် စစ် တပ် ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး စစ်တပ်က မြေမြှုပ်မိုင်းများ ဆက်တိုက် ထောင်နေကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ် ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် ရရှိထားသည့် အချက်အလက်များအရ စစ်ကောင်စီနှင့် ၎င်း၏လက်ဝေခံအဖွဲ့များ ပြုလုပ်ခဲ့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပြီးခဲ့သည့် ၇ ရက်တာ ကာလအတွင်း အပြစ်မဲ့အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ရပြီး၊ကလေးငယ် ၃ ဦးနှင့် အသက် ၁၃နှစ်အရွယ် မချစ်စံပယ်အပါအဝင် ၁၈ ဦး ဒဏ်ရာရရှိခဲ့ရကြောင်း၊ စစ်တပ်၏ဖမ်းဆီးခေါ်ဆောင်ခံရသူ ဦးရေ ၉၁ ဦးထိရှိခဲ့ပြီး နေအိမ်များ၊ နွားတင်းကုပ်များ၊ ဆိုင်ကယ်များလည်း ပျက်စီးဆုံးရှုံးခဲ့ပြီး ပိုင်ဆိုင်သည့်နွားများလည်းသေဆုံးခဲ့ကြောင်း သိရှိရသည်

ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ လုံးရန်းအုပ်စု၊ ကျွဲကောပင်ရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ အသက် ၂၂ နှစ်အရွယ်အမျိုးသမီ ၁ ဦး သေဆုံးခဲ့ကြောင်း၊ အလားတူ ဖြူးမြို့နယ် လေးအိမ် စုရွာ‌တွင်လည်း စစ်တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး ပေါင်း ၂ ဦး လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ထို့အတူ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ လစ်ဟင်းရွာတွင် စစ်ကောင်စီတပ်က အရပ်သားလူငယ် ၂ ဦးကို မသင်္ကာသဖြင့် ပစ်ခတ်ဖမ်းဆီးရာ ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ပြည်သူများ လုပ်ကိုင်စားသောက်ရာ ဥယဉ်ခြံများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များဝင်ရောက်၍ မြေမြှုပ်မိုင်းများထောင်ထားခဲ့ခြင်းများကြောင့် မိုင်းနင်းမိသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများမှာ ထိတ်လန့်ကြောက်ရွံ့နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article