27 C
Yangon

ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၁၀ ခုကို ၆ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ

Must read

ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၁၀ ခုကို ၆ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၁ သောင်းကျော် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၁၀ ရွာကို ၆ ရက်ဆက် မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင် ပြည်သူ ၁ သောင်းကျော်ထိ ရှိလာကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂ ရက်နေ့မှစတင်ပြီး မဒေါင်းလှရွာကို စစ်ကူလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မဒေါင်းလှရွာ အနီးရှိ ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာ ၂ ရက်နေ့တွင် ငကြိုင်းရွာ၊ စက်တင်ဘာ ၃ ရက်နေ့တွင် အင်ကြင်းပင်ရွာ၊ စောကြီးရွာ ၊ သနပ်စိန်ရွာ၊ ဖန်းခါးကုန်းရွာ၊ စက်တင်ဘာ ၄ ရက်နေ့တွင် ပေါက်တောရွာ၊ နှဲတွင်းရွာ၊ စက်တင်ဘာ ၅ ရက်နေ့တွင် ဆီဆုံလေးရွာနှင့် စက်တင်ဘာ ၇ ရက်နေ့တွင် မဒေါင်းကြီးရွာ ၊ ရွှေကာရွာ တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မဒေါင်းလှရွာအနီးရှိ ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေ၍ အဆိုပါ ကျေးရွာ အနီးအနားတွင် နေထိုင်နေသော ပြည်သူများ ဆက်တိုက် စစ်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် စစ်ရှောင်ပြည်သူ ၁ သောင်းကျော် ရှိလာပြီဖြစ်ကြောင်း သိရသည်။

” အဲစစ်ခွေး စစ်ကြောင်းက ၆ ရက်နေ့မှာ မဒေါင်းလှရွာကို ဝင်သွားပြီး မနေ့က နံနက်ပိုင်းမှာ မဒေါင်းလှကနေ အနောက်ဘက်ကို ထပ်ထွက်လာပြီး မဒေါင်းကြီးရွာနဲ့ ရွှေကာရွာကို မီးထပ်ရှို့သွားတယ်။ ပျက်စီးဆုံးရှံးမှုတော့ များနိုင်ပေမယ့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေကတော့ အရင်နေ့ကအတိုင်း ဆက်လက်တိမ်းရှောင်နေကြရတုန်းပါပဲ။ စစ်ရှောင်ပြည်သူ ဦးရေကတော့ တစ်ရက်ထက်တစ်ရက် ပိုပိုများလာတယ်။ မဒေါင်းလှပျူရွာနဲ့ ကပ်ရက်မှာ ရှိတဲ့ရွာတွေက ဘယ်သူမှပြန်မဝင်နိုင်ကြသေးဘူး။ စစ်ရှောင်ပြည်သူ ၁ သောင်းကျော်ခန့်အထိ မြှင့်တင်နေပြီလို့ သိရတယ်။ စားရေးသောက်ရေးက အစ အခက်အခဲ ဖြစ်နေကြတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article