24.8 C
Yangon

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာကို စစ်တပ် စစ်ကြောင်းထိုးလာပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်

Must read

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာကို စစ်တပ် စစ်ကြောင်းထိုးလာပြီး ပြည်သူ ၃ ဦးကို သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာကို အကြမ်းဖက်စစ်တပ်က သေ နတ်များ၊ လက်နက်ကြီးများ ပစ်ဖောက် ဝင်ရောက် စစ် ကြောင်းထိုးကာ Lucky Man ဟိုတယ်တွင် ဝင်ရောက်တပ်စွဲနေပြီး အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

စက်တင်ဘာလ ၆ ရက်နေ့ ည ၁၁ နာရီအချိန် ဆိုင်းတောင်ရွာထဲသို့ အကြမ်း ဖက်စစ်သားများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ဆိုင်းတောင် မီးသတ်ရုံး၊ Lucky Man ဟိုတယ်နှင့် ဟိုတယ်ရှေ့ ဈေးထဲတွင် တပ်စွဲ နေရာယူခဲ့ကြောင်း၊ ယင်းနောက် လက်နက်ကြီးများပစ်ခတ်ခြင်း သေနတ်များနှင့် ပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း၊ စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်း အကြမ်း ဖက်စစ်သားများ၏ ပစ်ခတ်မှုကြောင့် လူငယ် ၃ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“Lucky Man ဟိုတယ်မှာ တချို့ ဓားစာခံပြည်သူတွေကို ဖမ်းထားတာလည်း ရှိတယ်။ မနေ့ ၇ ရက်နေ့ မနက်မှာ လူငယ် ၃ ယောက်ကို ပစ်သတ်တယ်။ အ လောင်း က ဒီမနက်မှ လာကောက်ရတယ်။ မနေ့က မကောက်ခိုင်းဘူး။ ဒီမနက်မှ လူမှုကူညီရေးအသင်းတွေက အလောင်းကောက်သွားတယ်။ သူတို့ ၆ ရက်နေ့ ည ဆိုင်းတောင်ရွာကတည်း ဝင်လာကတည်းက တောက်လျှောက် သေနတ်တွေ ပစ်တယ်။ လက် နက်ကြီးတွေ ပစ်တယ်။ မနေ့တုန်းက တစ်နေ ကုန် သေ နတ်ပစ်တယ်၊ လက်နက်ကြီးတွေ ပစ်တယ်။ မနေ့ညကလည်း တစ်ညလုံး လက် နက်ကြီးတွေ ပစ်တယ်။ ပြည်သူတွေ အများကြီး ဒဏ်ရာရတာ ရှိတယ်။ သေနတ်ပစ်တဲ့နေရာမှာ တစ်ယောက်က ခြေထောက်ထိတာလည်း ရှိတယ်။ ၃ ယောက် သေတယ်။ ၁ ယောက်က ခြေထောက်ထိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှ ပြည်သူအများစု စစ်ရှောင်နေကြရကြောင်း၊ ယနေ့ စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်သားများသည် သေ နတ်များ လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း သိရှိရသည်။

လက်ရှိတွင် ဆိုင်းတောင်ရွာရှိ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို တော် လှန် ရေးအဖွဲ့များက ဝိုင်း၍ ပိတ်ဆို့ထားကာ စစ်ရေးအခြေအနေတင်းမာနေကြောင်း သိရှိရသည်။

“ဖားကန့် ဆိုင်းတောင်လမ်းဆိုရင် လမ်းမကြီးကို ပိတ်ထားတယ်။ လျှောက်လမ်းတစ်လမ်းပဲ ရှိတယ် အဲဒီကနေ ပြည်သူတွေ အဝင်အထွက်လုပ်လို့ရတယ်။ အခု Lucky Man ဟိုတယ် တစ်ဝိုက်ကိုလည်း ကြိုးတွေ တားထားတယ်။ လော လောဆယ် ဆိုင်းတောင်မှာ စစ်ရေးအခြေ အနေ တင်းမာနေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article