25 C
Yangon

ဝက်လက်နှင့် စလင်းတို့တွင် စစ်တပ် အထိုင်းချထားသော နေရာနှင့် ကင်းလှည့်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ဝက်လက်နှင့် စလင်းတို့တွင် စစ်တပ် အထိုင်းချထားသော နေရာနှင့် ကင်းလှည့်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကြောင်လက်သည်း တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ အတွင်း အထိုင်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီးဖြင့် ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဆက်ကြေးကောက်နေသည့် နေရာမှ အဆောက်အဦးများ အတွင်း ထွက်ပြေးတိမ်းရှောင်သွားပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကြောင်လက်သည်း တပ်ဖွဲ့ နှင့်အတူ Drop for justic SHAR HTOO WAW Team (6) ဒရုန်းတပ်ဖွဲ့ ၊ ဇာမဏီနဂါး တပ်ဖွဲ့ ၊ ဉပဒေ မီးတောက် တပ်ဖွဲ့ တို့နှင့်အတူ နယ်မြေခံ ပကဖများက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ စလင်းမြို့နယ်၊ မိုးဝင်း-သရက်ချဉ်ကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် ၅ စီးကို ပစ်တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ၊ မိုးဝင်း-သရက်ချဉ်ကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ဆိုင်ကယ် ၅ စီးကို ဒေါင်းစစ်အောင် (LPDF) အဖွဲ့မှ ရဲဘော်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ၁၅ မိနစ် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး တော်လှန်ရေး ရဲဘော်များ ထိခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း ၊ အထိုင်ချရာ နေများကို သွားလာခြင်းများ ရှောင်ရှားကြပါရန် ဒေါင်းစစ်အောင် ( LPDF ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article