32 C
Yangon

လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ

Must read

လောင်းလုံး၊ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊စက်တင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာရှိ ပျုစောထီးစခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၁၂ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက်နေ့တွင် မွန်းလွဲ ၁ နာရီ ခန့်တွင် ကျောက်နီမော်ကျေးရွာရှိ ပျုစောထီး စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ၄ နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး ပျုစောထီးနှင့် စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးခဲ့ကြောင်း ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ ကာဘိုင်သေနတ် ၃ လက်၊ M-I6 သေနတ် ၁ လက်၊ အဝေးကြည့်မှန်ပြောင်း ၁ ခု၊ စကားပြောစက် ၂ လုံး၊ စကားပြောစက် ၂ လုံး၊ လက်ကိုင်ဖုန်း ၄ လုံး၊ Power Bank ၂ လုံး၊ ဓားမြောင် ၂ လက်၊ လက်ထိပ် ၁ ခု ဘဏ်စာအုပ်နှင့် စာရွက်စာတမ်းအများ သိမ်းဆည်းရရှိခဲ့ပြီး ပျူစောထီး စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဆင်ရေးများကို အရှိန်အဟုန်တိုး မြင့်စွာ ဆောင်ရွက်နေသည့်အတွက် စစ်ရေး အထူး အသိ/သတိ ပြုသွားလာနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း ဓဝယ်အမျိုးသားလွတ် မြောက်ရေး တပ်တော် (DNLA) က ပြောဆိုထားသည်။

အဆိုပါ တိုက်မှုကို ဓဝယ်အမျိုးသားလွတ် မြောက်ရေးတပ်တော် (DNLA)၊ ရေဖြူပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF)ဖက်ဒရယ်ဓူဝံကြပ်တပ်ဖွဲ့ (Federal Polaris force)၊ ဘီလုံးပျောက်ကျားတပ်ဖွဲ့နှင့် က္လားသစ္ထတ် (ကျားသစ်နက်)တို့က ပူပေါင်းတိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article