24.8 C
Yangon

ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်တွင် ကင်းပတ်ရန် ထွက်လာ‌သော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်တွင် ကင်းပတ်ရန် ထွက်လာ‌သော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၁၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကင်းပတ်ရန် ထွက်လာစဉ် အသင့်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ရေစကြိုမြို့နယ်၊ ဆင်ချောင်းရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့်သည် ကျေးရွာအရှေ့ဘက်သို့ ကင်းပတ်ရန် ထွက်လာစဉ် ကုန်းတလင်းကျေးရွာနှင့် ဇီးကုန်းကျေးရွာ အရောက်တွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ကပဖ ရဲဘော်များက အသင့်စောင့်ဆိုင်း ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆင်ချောင်းရွာအရှေ့ဘက်ကို ကင်းပတ်တဲ့သဘောထွက်လာတာ။ ကုန်းတလင်းနဲ့ ဇီးကုန်းကြားမှာ စောင့်တိုက်ခဲ့တာ။ ပျူလို့ယူရတဲ့တစ်ဦးကတော့ နေရာမှာတင်သေသွားတာ၊ နောက်ထပ် ၂ ဦး ၃ ဦးလောက်တော့ ဒဏ်ရာရတယ်၊ အဲဒီဆင်ချောင်းရွာ ပျူစောထီးခေါင်းဆောင်က ငလင်းတဲ့၊ စခနဲ့ ပျူနဲ့ပေါင်းပြီး ထွက်လာတာ။ များတာကတော့ ငလင်းပျူတွေများတာ၊ တိုက်ပွဲဖြစ်ပြီးတော့ ချက်ချင်း ပြန်ပြေးသွားတယ်၊ ကျနော်တို့ ရဲဘော်တွေအားလုံးကတော့ ဘေးကင်းပါတယ်” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပျူစောထီး ၁ ဦးနေရာတွင် လဲကျသေဆုံးကာ ၃ ဦးခန့် ထိခိုက် ဒဏ်ရာရရှိပြီး အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ရှေ့ဆက်လက် တက်လာခြင်းမရှိတော့ဘဲ ဆင်ချောင်းပျူစောထီးရွာအတွင်းကို ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

အကြမ်းဖက်စစ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားပြီးနောက် နယ်မြေရှင်းလင်းစဉ် ၎င်းတို့ အသုံးပြု သည့် ၆၀ မမ ဗုံးသီး ၁ လုံးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများသည် ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ထန်းတက်ရန် ကျေးရွာအပြင်ဘက်ကို ထွက်လာစဉ် ၄၀ မမ ၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပွားပြီး ပျူစောထီးများ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စက်ြာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၊ပေါက် (ပ.လ.ဖ) ၊ အညာမြေတပ်ပေါင်းစု၊ နွေဦးညီ‌နောင်တပ်ဖွဲ့၊ မြိုင် ပ.က.ဖ တပ်ပေါင်းစု၊ တော်၀င်ပျောက်ကြားတပ်ဖွဲ့နှင့် ဝံပုလွေ ပျောက် ကြား တပ်ဖွဲ့တို့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article