24.8 C
Yangon

ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေ

Must read

ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်မှု သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ဘက်ကို ပြန်လှည့်လာသည့် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်ရာ သင်္ဘော ၁ စီး နစ်မြုပ်သွားပြီး ကျန် ၂ စီး ရေလယ်ခေါင်တွင် စက်ပျက်နေကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရွှေကူဆိပ်ကမ်း၌ ၄ ရက်ကြာ ရပ်နားပြီးနောက် ဗန်းမောက်ဘက်သို့ ဆန်တက်လာသော စစ်သင်္ဘော ၅ စီးကို ရွှေကူအထက်ပိုင်းတွင် KIA နှင့် PDF ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၂ စီး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ပြီး နံနက် ၁၁ နာရီအချိန်တွင် စစ်သင်္ဘောအားလုံးသည် မူလထွက်ခွာလာရာ ရွှေကူဆိပ်ကမ်းဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ ဆုတ်ခွာလာသော စစ်သင်္ဘော ၃ စီးထဲမှ ၁ စီးသည် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေကူမြို့နယ် အထက်ပိုင်းတွင် နစ်မြုပ်သွားကြောင်း၊ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် ကျန်ရှိနေသော စစ်သင်္ဘော ၂ စီးကို မြလယ်ရွာ အနီးတွင် KIA နှင့် PDF ပူးပေါင်းတပ်များကပြန်လည် စောင့်ကြို တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည် ထိမှန်ပြီး စက်ပျက်သွားကာ ရေလယ်၌ ရပ်တန့်ထားကြောင်း သိရသည်။

“မွန်းလွဲပိုင်းက ရွှေကူဘက် ပြန်ခေါက်သွားတဲ့ သင်္ဘောတွေ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်မှာ အထက်ကို ပြန်ဆန်တက်သွားတယ်။ ပစ္စည်း တင်ဆောင်ထားတဲ့ သင်္ဘော ၁ စီးက ရွှေကူ အထက်ပိုင်းနားမှာ နစ်မြုပ်သွားပြီး ညနေ ၅ နာရီ ၄၀ မိနစ်ခန့်မှာ မြလယ်ရွာကနေ ပြန်ပြီး စောင့်ကြိုတိုက်ခိုက်လို့ ပစ္စည်းတင် သင်္ဘော ၂ စီး လက်နက်ကြီး ထိမှန်သွားပြီး ပျက်စီးသွားတယ်။ ရှေ့ဆက်သွားမရတော့ဘဲ ရေလယ်မှာရပ်နေတယ်။ နစ်မြုပ်သွားနိုင်တယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

Photo – အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးကို တွေ့ရစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article