25 C
Yangon

မတ္တရာနှင့် ဘုတလင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာနေ ပြည်သူ ၁ ဦး အပါအဝင် ပကဖ ရဲဘော် ၃ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

မတ္တရာနှင့် ဘုတလင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာနေ ပြည်သူ ၁ ဦး အပါအဝင် ပကဖ ရဲဘော် ၃ ဦးကို သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကုန်းတန်းလေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Wetlet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ် အနောက်ခြမ်း သုံးဆယ်ဘေးရွာမှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကုန်းတန်းလေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ကတိုးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ အဘိုးအို ၁ ဦးနှင့် ရပ်ကျေး ပကဖ အဖွဲ့၀င် ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကတိုးကျေးရွာကို အင်အား ၁၀၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ကတိုးရွာမှ အထွက်ပြ

ပြီး ရွာထဲကို ပြန်လည်ဝင်ရောက်ကာ အဘိုးအို ၁ ဦးနှင့် ရပ်ကျေး ပကဖ အဖွဲ့၀င် ၂ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွာထဲ ညအိပ်ပြီး မနက်ကြ ထွက်သွားသလို လုပ်တာ ပြီးမှာ ပြန်၀င်တော့ သူတို့ (စကစ) ထွ

က်ပြီထင်ပြီး ရွာထဲပြန်၀င်လာတဲ့ ပြည်သူတွေနဲ့ထိပ်တိုက်တွေ့ပြီး ပစ်သတ်ခံရတာ” ဟု ဘုတ

လင်မြို့နယ် ပအဖ အဖွဲ့၀င်တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကူတော်ရွာရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသတွင်းကျေးရွာများကို စီးနင်း သတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article