25 C
Yangon

ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်လာသော စစ်တပ်၏ သင်္ဘောများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်လာသော စစ်တပ်၏ သင်္ဘောများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်သို့ တက်လာသော အကြမ်းဖက် စစ်တပ်၏ သင်္ဘောများကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ငမိုးရိပ်စစ်ကြောင်းက ပြောဆိုသည်။

စက်တင်ဘာလ ၂၁ နေ့တွင် ကလေးဝမြို့နယ်မှ ပစ္စည်း တင်ဆောင်လာသော သင်္ဘောများ၊ ဆားလင်းကြီးမြို့နယ်မှ ကြေးနီတင်ဆောင်လာတဲ့ သင်္ဘောများနှင့် မုံရွာဆိပ်ကမ်းမှ သစ်တင်ဆောင်လာ‌သော သင်္ဘော ၂၂ စီးများကို တော်လှန်ရေး တပ်ဖွဲ့များက ချောင်းဦးမြို့နယ် ဆင်ဖြူရှင်တံတား အနီးတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို သင်္ဘောများသည် မအူကျေးရွာ အနီး ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငမိုးရိပ်စစ်ကြောင်း၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃)တောင်ပံနီ၊ Royal Tiger Foreအဖွဲ့တို့က ပူပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article