29 C
Yangon

မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

Must read

မန္တလေး၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင် ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၉

အကြမ်းဖက် စစ်ကောင်စီ၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေး၊ နန်းတွင်းအနီးတွင် ယနေ့ နံနက်အစောပိုင်း ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း မန္တလေးမြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မန္တလေးနန်းတွင်းအနီးတွင် ရှော့တိုက်ဒုံးပစ်ခတ်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ မန္တလေးနန်းတွင်းအထဲတွင် ကျရောက်ပေါက်ကွဲသည်ဟု ယူဆရကြောင်း၊ အသံအလွန်ကျယ်လောင်ပြီး ပေါက်ကွဲမှုကြောင့် တုန်ခါသွားသည့် အခြေအနေမျိုး ခံစားရသည်အထိ ပေါက်ကွဲမှုပြင်းထန်ကြောင်း သိရှိရသည်။

“ဒီမနက် ၂ နာရီ ၃၈ မိနစ်မှာ ရွှီး ဒိုင်းဆိုတဲ့ အသံကြီး ကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေပါ ကြားရတယ်။ ပေါက် ကွဲသံက ၄ ချက် ။ ကိုယ့်အိမ်ပေါ်ကနေ ဒုံးတွေများ ဖြတ်ပြေးသွားသလားတောင်ထင်ရတယ်။ ပေါက်ကွဲမှုက အတော် ပြင်းပုံရတယ်” ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ပုသိမ်ကြီးမြို့နယ်မှ ပြည်သူတစ်ဦးကလည်း ယနေ့ နံနက် ၂ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ပေါက်ကွဲသံများကြောင့် လန့်နိုးလာခဲ့ရပြီး ပေါက်ကွဲသံများသည် ဆက်တိုက် ၃ ကြိမ်ခန့်ကြားရသည်ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မကြာခဏဆိုသလို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုများဖြစ်ပွားလျက်ရှိရာ စက်တင်ဘာလ ၃ ရက်နေ့ကလည်း နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ- Brave Warriors for Myanmar-BWM အပါအဝင် တော်လှန်ရေးတပ်များက ပစ်ခတ်သော ရှော့တိုက်ဒုံး မစ်ရှင်တစ်ခုမှ ပစ်ခတ်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article