29 C
Yangon

ရေစကြိုမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ကာ ကျေးရွာနေ ပြည်သူများကိုလည်း ဖမ်းဆီးထား

Must read

ရေစကြိုမြို့နယ်၊ ကံသစ်ရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ကာ ကျေးရွာနေ ပြည်သူများကိုလည်း ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ကာ ကျေးရွာနေ ပြည်သူများကိုလည်း ဖမ်းဆီးထားကြောင်း ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇နှင့် ၅၈ တပ်ရင်းမှ အင်အား ၆၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တောင်အိုရွာမှ ထွက်ခွာလာပြီး ကံသစ်ရွာကို ဝင်ရောက် စီးနင်းကာ ရွာတောင်ဖျား ထန်းတောရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကြောင်းသည် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းစဉ် ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီးခြင်းများပါ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသည့် ပြည်သူအရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများ တကွဲတပြားဖြင့် ခြေဦးတည့်ရာ ထွက်ပြေးနေရကြောင်း သိရှိရသည်။

“ခလရ ၂၅၇ နဲ့ ၅၈ တပ်ရင်းက စစ်ခွေး အင်အား ၆၀ လောက် ဒီနေ့ နံနက်ပိုင်းမှာ တောင်အိုရွာဘက်က ထွက်လာပြီး ကံသစ်ရွာ တောင်ဖျား ထန်းတောမှာရှိတဲ့ နေအိမ်တွေကို မီးရှို့နေတာပါ။ ပျက်စီးဆုံးရှုံး အခြေအနေမသိရသေးပါ။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိတယ်။ အကုန်လုံးက တကွဲတပြား ထွက်ပြေးနေကြတော့ ဘယ်နှဦးဖမ်းခံရလည်းဆိုတာ အတည်မပြုနိုင်သေးဘူး” ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ ကံသစ်ရွာထဲ၌ ရှိနေပြီး မည်သည့် ရွာကို ဆက်လက်ထွက်ခွာမည်ကို မသိရသေးကြောင်း ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article