28 C
Yangon

မုံရွာမြို့ပေါ်ရှိ နဝရတ် ရွှေဆိုင်ကို ဓားပြတိုက်သွားသူများကို မြို့နယ် ပကဖ နှင့် ပလဖ ပူးပေါင်း အဖွဲ့က ဖမ်းဆီးထားပြီး ဆက်စပ်တရားခံများကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေ

Must read

မုံရွာမြို့ပေါ်ရှိ နဝရတ် ရွှေဆိုင်ကို ဓားပြတိုက်သွားသူများကို မြို့နယ် ပကဖ နှင့် ပလဖ ပူးပေါင်း အဖွဲ့က ဖမ်းဆီးထားပြီး ဆက်စပ်တရားခံများကို ဆက်လက် ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်သွားသူများကို မြို့နယ် ပကဖ နှင့် ပလဖ ပူးပေါင်း အဖွဲ့က ဖမ်းဆီးထားပြီး ဆက်စပ်တရားခံများကို ဆက်လက် ဖမ်းဆီး ထိန်းသိမ်းနိုင်ရေး ဆောင်ရွက်နေကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလအတွင်းက မုံရွာမြို့ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို လက်နက်ကိုင် လူတစ်စုမှ ဓားပြတိုက်မှု ဖြစ်စဉ်တွင် ပါဝင် ကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်းထားရှိပြီး နောက်ဆက်တွဲ ပါဝင် ပက်သတ်သူများကိုလည်း အရေးယူဆောင်ရွက်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော တရားခံများကို စုံစမ်းစစ်ဆေးမှုများနှင့် ဖမ်းဆီးထိန်းသိမ်းမှုများကို မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကနဦး ဖမ်းဆီးထိန်းသိမ်းထားသူများ၏ ထွက်ဆိုချက်များအရ နောက်ကွယ်တွင် ပါဝင်ပက်သက်သူများ ကျန်ရှိနေ၍ ဆက်စပ်တရားခံများကိုလည်း ဆက်လက် ဖမ်းဆီးထိန်းသိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို တတ်စွမ်းသ၍ တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း မြို့နယ် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article