30 C
Yangon

ပုလဲမြို့နယ်၊ အင်မထီးရွာမှ ပျူစောထီးများ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ထွက်ပြေးလာသည့် ပြည်သူ ၆ ဦး ပအဖ အဖွဲ့ထံ ခိုလှုံ

Must read

ပုလဲမြို့နယ်၊ အင်မထီးရွာမှ ပျူစောထီးများ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ထွက်ပြေးလာသည့် ပြည်သူ ၆ ဦး ပအဖ အဖွဲ့ထံ ခိုလှုံ

ရန်ကုန်၊ အောက်တိုဘာ ၂၁

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ၏ နှိပ်စက်ညှင်းပန်းမှုကြောင့် ထွက်ပြေးလာသည့် ပြည်သူ ၆ ဦး ပအဖ အဖွဲ့ထံ ခိုလှုံလာကြောင်း ပုလဲမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့အောက်တိုဘာလ ၂၀ ရက်နေ့က ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာအတွင်းမှ အရပ် သားပြည်သူ အမျိုးသား လူကြီး ၁ ဦး၊ အမျိုးသမီး လူကြီး ၃ ဦးနှ့င် ကလေးငယ် ၂ ဦးစုစုပေါင်း ၆ ဦး ထွက်ပြေးလာခဲ့ရာ ပုလဲမြို့နယ် တိုက်နယ်၊ ရပ်ကျေး ပအဖ ၊ ပကဖ ရဲဘော်များက ကယ်တင်ထိန်း သိမ်းပေးခဲ့ပြီး ပုလဲမြို့နယ် ပအဖ ခေါင်းဆောင်နှင့် လူစာနာတာဝန်ခံ၊ ပလဖ ထံသို့ အပ်နှံပေးခဲ့ ကြောင်း သိရသည်။

ထို့သို့ ထွက်ပြေးလာသူများကို မြို့နယ်ပအဖ တာဝန်ရှိသူများက တွေ့ဆုံ၍ စစ်ဆေးမေးမြန်ခြင်း၊ ခံဝန်ထိုးခိုင်းခြင်းနှင့် အပြင်ဘက်၌ ကောင်းမွန်စွာနေထိုင်ရန် မှာကြားခဲ့ပြီး ပအဖ ခေါင်းဆောင်မှ ငွေကျပ် တစ်သိန်း (၁၀၀,၀၀၀ ကျပ်) ၊ လူသးချင်းစာနာမှုကူညီပေးရေးအဖွဲ့မှ ငွေ ကျပ် နှစ်သိန်း (၂၀၀,၀၀၀ ကျပ်) နှင့်အဝတ်အစားများ၊ စောင်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

“အဓိကထွက်ပြေးလာကြတာကတော့ အတွင်းထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေ အများ ကြီးတယ်။ ထွက်ပြေးလာတဲ့သူတွေတိုင်း ကလေးတွေ အမျိုးသမီးတွေ ကျောင်းသားအရွယ်တွေ လူကြီးတွေ အလွှာစုံကို ကျနော်တို့ မေးမြန်းကြည့်တာတွေကို ခြုံငုံသုံးသပ်ကြည့်ရင် သူတို့မှာ နံပါတ် တစ် အစားအစာ ရှားပါတာ အလုပ်အကိုင် လွတ်လွတ်လပ်လပ် လုပ်မရတာတွေ စကစနဲ့ပျူနဲ့ပေါင်း ထားတဲ့အခြေစိုက်စခန်းဖြစ်တာကြောင့် လွတ်လွတ်လပ်လပ်လုံလုံခြုံခြုံနေလို့မတော့တဲ့ အခြေအနေ တွေရှိတယ်။ ကလေးတွေဆိုရင် စာမသင်ရဘူး။ အမျိုးသမီးတွေဆိုလည်း မတော်တရော်တွေ အမြဲ တမ်းပြုမူခံရတာတွေရှိတယ်။ ပျူလက်နက်ကိုင်ခေါင်းဆောင်တွေက မထင်ရင် မထင်သလို ဆဲတာ တွေ ဆိုတာတွေ ဖမ်းဆီးတာ ရိုက်နှက်တာ ကလေးလူကြီးမရွေးကြုံရကြတယ်” ဟု ပုလဲမြို့နယ် ပြည် သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပုလဲမြို့နယ်အတွင်း၌ ပျူစောထီးကျေးရွာများအဖြစ် အင်မထီးပျူရွာနှင့် ဇီးဖြူကုန်းပျူရွာ ၂ ရွာသာ ကျန်ရှိတော့ပြီး ကျန်ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားကြောင်း၊ အင်မထီး ပျူရွာ အတွင်းမှ ထွက်ပြေးလာသော ပြည်သူများကို ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ က အရေးပေါ်နေထိုင်စားသောက်ရေးအတွက် ကူညီပေးထားသည့်အပြင် NUG အစိုးထံမှ ထောက်ပံ့ ကူညီမှုရရှိစေရန်ဆောင်ရွက်ပေးထားကြောင်း၊ ထိုသို့ထွက်ပြေးလာသူများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်နိုင်ရန်အတွက်လည်း ထောက်ပံ့ကူညီပေးထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article