28 C
Yangon

အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မကွေးတိုင်း၊ အထက် မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားကြောင်း အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် ခမရ ၈၈ ၊ ကပစ ၂ နှင့် ပကစ ၁၀ မှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပူးပေါင်း ထားသော စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ရွှေချောင်းရွာနှင့် ရှမ်းတပ်ကြီးရွာအကြားတွင် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၀ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အထက်မင်းလှမြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များ စစ်ရေးအရှိန် မြှင့်တင်လျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်တပ်နှင့် နီးကပ်စွာ သွားလာနေထိုင်ခြင်းများ အလျင်းမပြုလုပ့်ကြရန်နှင့် မြို့ ၊ ရွာ နယ်ပယ် နေရာအစုံတွင် အချိန်မရွေး တိုက်ပွဲများဖြစ်ပေါ်လာနိုင်သောကြောင့် အထူးဂရုစိုက် သွားလာ နေထိုင်ကြရန် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက သတိပေး ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article