28 C
Yangon

ရန်ကင်း မြို့မရဲစခန်း၏ ကင်းစခန်းကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ ပစ်ခတ်၊ ရဲ ၂ ဦး သေဆုံးဟုဆို၊ တောင်ဒဂုံ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ဖောက်ခွဲခံရ

Must read

ရန်ကုန်၊ မေ ၁၆

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ မြို့မရဲစခန်းအရှေ့ ကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ Yangon-e UG က ယနေ့ မေလ ၁၆ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

“ရဲစခန်းက ကလေးဆေးရုံဘေးမှာဆိုတော့ အသံအရမ်းကျယ်မှာစိုးလို့ မိုးရွာနေတဲ့အချိန် ဝင်ပစ်တာပါ။ အဲဒီကင်းမှာ ရဲ ၃ ယောက်ရှိနေတာ၊ ၂ ယောက်က သေဖို့များတယ်” ဟု Yangon-e UG အဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ ရဲကင်းပစ်ခတ်ခံရမှုတွင် ရဲများ သေဆုံးခြင်းရှိ၊ မရှိကို ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

အဆိုပါရဲစခန်းသည် ကံဘဲ့လမ်းပေါ်တွင်တည်ရှိပြီး ရန်ကင်းကလေးဆေးရုံနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်ကြားတွင် တည်ရှိသည်။

အလားတူ ယနေ့မေလ ၁၆ ရက် နံနက် ၆ နာရဃွဲခန့်တွင် တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် Dark Phoenix Revolution Force တို့က ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့များက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကင်းမြို့နယ် မြို့မရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article