31 C
Yangon

မင်းအောင်လှိုင်၏ ညွှန်ကြားမှုကြောင့် ပြည်ပသို့ ထွက်ခွာမှုများကို ထပ်မံ စိစစ်ပိတ်ပင်ရေး စစ်ကောင်စီအတွင်း ဆွေးနွေးနေဟုဆို

Must read

မင်းအောင်လှိုင်၏ ညွှန်ကြားမှုကြောင့် ပြည်ပသို့ ထွက်ခွာမှုများကို ထပ်မံ စိစစ်ပိတ်ပင်ရေး စစ်ကောင်စီအတွင်း ဆွေးနွေးနေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မြန်မာနိုင်ငံမှ ပြည်ပသို့ အလုပ်သမား အများအပြား သွားရောက်နေမှုကြောင့် ပြည်တွင်းလုပ်သား စွမ်းအား လျော့ကျနေသည့်အပေါ် အရေးယူဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားလိုက်သည့်အတွက် စစ်ကောင်စီအတွင်း ပြည်ပထွက်ခွာမှုများကို ထပ်မံစိစစ်ပိတ်ပင်ရန် ဆွေးနွေးနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် လူဦးရေနည်းပါးသော နိုင်ငံဖြစ်၍ ပြည်ပနိုင်ငံများသို့ သွား ရောက် အလုပ်လုပ်ကိုင်မှုများကြောင့် အလုပ်လုပ်မည့်စွမ်းအားများ လျော့ကျသွားသည်မှာ သိသာကြောင်း ၊ အလုပ်သမားရှားပါးမှု ပြဿနာ ကြုံတွေ့နေရသည်ကို တချို့လုပ်ငန်းရှင်များ၏ တင်ပြချက် အရ သိရှိရကြောင်း၊ လူဦးရေ သန်းပေါင်းများစွာရှိသည့် နိုင်ငံများအနေဖြင့် ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်ကြသည့် ပမာဏမှာ မသိသာသော်လည်း မိမိတို့ကဲ့သို့ လူဦးရေ နည်းပါးသော နိုင်ငံအတွက်မူ လျော့သွားသည်မှာ သိသာကြောင်း၊ အလုပ်လုပ်ကိုင်မည့်စွမ်းအားများ လျော့သွားသည်ဖြစ်သဖြင့် ထိုက်တန်သော အလုပ်အကိုင်နှင့် လုပ်ခလစာများ ရရှိရေးကို ဆောင်ရွက်ပေးစေလိုကြောင်း မင်းအောင်လှိုင်က ပြောဆို ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် အခြေစိုက် အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က စစ်ခေါင်းဆောင်၏ ပြည်တွင်း လုပ်သားစွမ်းအား လျော့ ကျနေမှုအပေါ် အရေး ယူဆောင်ရွက်ရန် ညွှန်ကြားချက်ကြောင့် ဝန်ကြီးဌာနများ အတွင်း ကိုင်တွယ်မှုများ လုပ်ဆောင်ရန် စတင် ဆွေးနွေး နေပြီဖြစ်ကြောင်း၊ ပြည်ပထွက်ခွာမှုများကို ထပ်မံ စိစစ်ပိတ်ပင်ရန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီး ဌာန အပါအဝင် ဌာနပေါင်းစုံက ဆွေးနွေးနေကြောင်း သိရှိရသည်။

“ပြည်ပကို အလုပ်သမားတွေ စေလွှတ်တာများလို့ ပြည်တွင်းလုပ်သားစွမ်းအားလျော့ကျမှု အရေးယူဆောင်ရွက်ရေး ညွှန် ကြားချက်အရ အလုပ်သမားစေ လွှတ်တာ တွေ အပြောင်းအလဲ ဖြစ်လာမယ်။ အဓိကက ပိုပြီး တင်းတင်းကျပ် ကျပ် စိစစ်လျော့ချမယ်လို့ သိရတယ်။ အခုတော့ အလုပ်သမားဝန်ကြီးဌာနဘက်က ဆွေးနွေးနေတုန်းလို့ ပြောလာတယ်။ မကြာခင် အဖြေထွက်မှာမို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုလည်း တရားဝင် အကြောင်းကြားမယ်လို့ ပြောတယ်” ဟု ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဒီဇင်ဘာလ ခရီးသွားရာသီဖြစ်ပေါ်သော်လည်း ရန်ကုန်နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် PV အလည်အပတ် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပသွားရောက်မှုများကို စစ်ကောင်စီက အထူးတင်းကျပ် ပိတ်ပင်နေကြောင်း၊ ပထမဆုံးအကြိမ် ပြည်ပအလည်အပတ် ထွက်ခွာမည့်သူအများစုကို ပြည်ပထွက်ခွင့်မပေးတော့ကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသမီး၊ အမျိုးသားများအားလုံး ပြည်ပသို့ အလည်အပတ်သွားရောက်မည်ဆိုပါက စစ်ကောင်စီပူးပေါင်းအဖွဲ့က လေဆိပ်တွင် အလွန် တင်း ကျပ်စွာ စိစစ်နေကြောင်း သိရှိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ နယ်စပ်ဂိတ်ပေါက်မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်မှုများကိုလည်း စစ်ကောင်စီက အထူးတင်းကျပ်ထားပြီး အလည်အပတ်နိုင်ငံကူးလက်မှတ်၊ ၂ လ အလည်အပတ် ထိုင်းခရီးသွားဗီဇာ ကိုင်ဆောင်၍ ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့်မပေးကြောင်း၊ ထိုင်းနိုင်ငံ၊မယ်ဆိုင်ဘက်အခြမ်းတွင် PV မြန်မာ နိုင်ငံကူးလက်မှတ်ပေါ် မြန်မာလ၀က၏ ထွက်ခွာခွင့် တုံးအတု ထု၍ ဘန် ကောက်သို့ တက်ရန် ကြိုးစားသော မြန်မာလူငယ်များကို ထိုင်းနှင့် မြန်မာစစ်ကောင်စီတို့ ပူးပေါင်း၍ ဖမ်းဆီးမှုများ ရှိနေကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article