23 C
Yangon

မုံရွာမြို့အဝင် မအူဂိတ်၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာများကို ယနေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရ

Must read

မုံရွာမြို့အဝင် မအူဂိတ်၌ တပ်စွဲထားသော စစ်တပ်က ကျေးရွာများကို ယနေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ယနေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရကြောင်း ချင်းတွင်းမြစ်ကမ်ဘေးကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေခြင်းကြောင့် ပြည်သူများ ညတွင်းချင်း ထွက်ပြေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားချင်းမရှိဘဲ ရမ်းသမ်း ပစ်ခတ်နေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲမဖြစ်ပါဘူး။ ဒီတိုင်းကို ရမ်းသမ်း ပစ်နေတာ ပြည်သူတွေကတော့ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင်နေရတယ်”ဟု ချင်းတွင်းမြစ်ကမ်ဘေး ကျေးရွာများ သပိတ်ကော်မတီမှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ မုံရွာမြို့အဝင် မအူဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အထိုင်ချ တပ်စွဲကာ ရမ်းကားနေသည်မှာ နှစ်ချီရှိနေပြီ ဖြစ်ပြီး မကြာခဏဆိုသလို လက်နက်ကြီးများဖြင့် ကျေးရွာများကို ပစ်ခတ်လေ့ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article